မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Saturday, August 15, 2015
တနိုင်းမြို့နယ် ချောင်းသာမှော်တွင် ဒေသခံရွာသား(၂)ဦး KIA မိုင်းနင်းမိ =========================================
တနိုင်းမြို့နယ် ချောင်းသာမှော်တွင် ဒေသခံရွာသား(၂)ဦး KIA မိုင်းနင်းမိ
=========================================
14, August, 2015 By Kachin People
တနိုင်းမြို့နယ် ရေနံကုန်းကျေးရွာနေ မောင်နိုဖာအားခီ(ခ)နိုးခီ လီဆူး/ခရစ်ယာန်နှင့် မောင်အားဖူတို့(၂)ဦးသည် အောင်ဘာမှော်မှ ရေနံကုန်းကျေးရွာသို့အပြန် ချောင်းသာမှော် အနီးတွင် KIA ထောင်ထားသော မိုင်းတစ်လုံးအား မောင်အားဖူမှ နင်းမိပေါက်ကွဲကာ ဒဏ်ရာ အသီးသီး ရရှိခဲ့ကြောင်း သိရှိရပါသည်။
KIA မိုင်းကြောင့် မောင်အားဖူမှာ ခြေဖနောင့်တွင် ဒဏ်ရာရရှိခဲ့ပြီး မောင်နိုဖာအားခီမှာ ၀ဲဘက်ခြေသလုံးတွင် မိုင်းစထိမှန်ကာ ခြေသလုံးရိုးကျိုးသွားကြောင်းနှင့် မောင်နိုဖာအားခီမှာ တနိုင်းဆေးရုံတွင် ဆေးကုသမှုခံယူနေပြီး မြစ်ကြီးနားဆေးရုံသို့ ပြောင်းရွေ့ကုသမှု ခံယူရမည် ဖြစ်ကြောင်း ဒေသခံများ ပြောပြချက်အရ သိရှိရပါသည်။
မောင်နိုဖာအားခီမှာ ခြေသလုံးရိုးကျိုးသွားသောကြောင့် ပြန်ကောင်းလာနိုင်လျှင်လည်း ယခင်လို ပုံမှန်မဖြစ်နိုင်တော့ကြောင်း အခန့်မသင့်ပါက ခြေထောက်ဖြတ်တောက်ပစ်ရသည်အထိ ဆိုးဝါးလာနိုင်သဖြင့် မြစ်ကြီးနားဆေးရုံသို့ ပို့ဆောင်ရန် စီစဉ်လျှက်ရှိကြောင်း ဆေးရုံဝန်ထမ်း တစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။
No comments:
Post a Comment