မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Monday, August 10, 2015
ဂရုဏာရှင်မေမေမှ အာဏာရှင် မိထွေးမဖြစ်ပါစေနဲ့ ___________________________________
ဂရုဏာရှင်မေမေမှ အာဏာရှင် မိထွေးမဖြစ်ပါစေနဲ့
___________________________________
အမေ အမှားပါရင် အရင်ဆုံး တောင်းပန်ပါရစေ...
အမေ ချစ်လွန်း လို့မေးပါရစေ..
ရွေးကောက်ပွဲမှာ NLD အတွက်မဲထည့် ဖို့ သေချာ နေတဲ့သူတွေ အတွက် အမေ့ရဲ့ ဆုံးဖြတ်ချက်တွေကို တော်တော်လေး အံသြလွန်းလို့ပါ အမေ ။
ကျွန်တော်တို့ ယုံကြည်ခဲ့တဲ့ ပါတီခု ဘယ်လို အခြေအနေရှိတယ်ဆိုတာ အမေ အောက်ခြေအထိ လာကြည့်လှည့်ပါ အမေ ။
၈၈ ဦးကိုကိုကြီး ဒေါ်ညိုညိုသင်း တို့ က ခေါ်ပြီး ဒေါက်ဖြုတ်လိုက်တာလား အမေ။
ပြည်သူတွေကို စော်ကားလိုက်တာလား အမေ ။
တတ်သိပညာရှင်တွေရွေးထားတဲ့သူတွေ ဗဟိုက အကုန်ရှင်း လိုက်တာက ဘယ်လိုပါလည်း အမေ ။
ခုအမေ ရွေးထားတဲ့ သူတွေက တလ ၁၀သိန်းယူပြီး အေးဆေး အိပ်နေတဲ့လူတွေ နဲ့ အဖိုးမတန်တဲ့လူတွေ ပြည်သူ့ အချဉ်ဖတ်တွေ အမေ ခန့်မဲ့သူတွေ တော်တော်များများထဲမှာ ကလိမ်တွေ ဘယ်လောက်ပါနေတယ် ဆိုတာ အမေ ပြန်စစ်ဆေးပေးပါအမေ ။
အချိန်မီပါသေးတယ်ဗျာ NLDကို လိပ်ပြာသန့်သန့်မဲပေးချင်လွန်းလို့ပါ ဒီမို လမ်းစဉ်လိုချင်တဲ့အမေကိုယ်တိုင် အာဏရှင်မဆန်ချင်ပါနဲ့ အမေ။
မြန်မာပြည်သူ သန်း၆၀အတွက်အလေးအနက်ပြန် ဆုံးဖြတ်ပေးပါ လို့တောင်းဆိုပါရစေ အမေ။
ပြည့်သူအသံကို နားထောင်ပေးဗျာ အမေ မဟုတ်ရင်တော့ အပြတ်အပြတ်နဲ့ နှာခေါင်းသွေးထွက်တဲ့ကိန်းဆိုက်တော့မယ် အမေ။
အမေ ကိုယ့်တပ်ကိုယ် မနင်းမိပါစေ ချင်တဲ့......
Minkko Oo ဂရုဏာရှင်မေမေမှ အာဏာရှင် မိထွေးမဖြစ်ပါစေနဲ့

Minkko Oo
Subscribe to:
Post Comments (Atom)
No comments:
Post a Comment