မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Tuesday, August 18, 2015
၁၂ ဘီးကား လမ်းကြောင်းမှား၍ ရွှံ့ဗွက်ကျွံကာ ကားလမ်းပိတ်ဆို့မှုဖြစ်ပွား ============================================
၁၂ ဘီးကား လမ်းကြောင်းမှား၍ ရွှံ့ဗွက်ကျွံကာ ကားလမ်းပိတ်ဆို့မှုဖြစ်ပွား
============================================
အင်းတော် သြဂုတ် ၁၇
စစ်ကိုင်းတိုင်းဒေသကြီး အင်း တော်မြို့နယ် အင်းတော်နှင့် ဗန်းမောက်သွား လမ်းမကြီးဖြစ်သည့် အင်းတော်လမ်းပိုင်း မိုင်တိုင်အမှတ် (၃/၂ဝ) နှင့် (၂/၂ဝ) ကြား ရှိသောနေရာတွင် မန္တလေးဘက်က လာသော ဘိလပ်မြေအိတ်လုံးရေ ၆ဝဝ ကျော်ပါသော ၂၂ ဘီးကားသည် လမ်း၏ အနောက်ဘက်သို့ လမ်း ကြောင်းမှားပြီး ရွှံ့ဗွက်ကျွံကာ လမ်း ပိတ်ဆို့မှုဖြစ်ပွားခဲ့သည်။
ယင်းဖြစ်စဉ်ကြောင့် သြဂုတ် ၁၄ ရက် ည ၈ နာရီမှ သြဂုတ် ၁၅ ရက် နံနက် ၁ဝ နာရီခွဲ အထိ လမ်းပိတ်ဆို့ မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
''လမ်းပိတ်ဆို့နေတာ ည ၈ နာရီ ကစဖြစ်နေတာ၊ ဒီလမ်းကလမ်းကြော မသိလို့မရဘူး၊ လမ်းကြောမှားသွား တော့ ခရီးသည်ကားတွေလည်း ဒုက္ခရောက်ကုန်တာပေါ့။ တော်သေး တယ်။ မြို့နယ်ဆောက်လုပ်ရေး အင်ဂျင်နီယာနဲ့ အဖွဲ့ရောက်လာလို့ အခုလို လမ်းပွင့်သွားတာပါ''ဟု ကားသမားတစ်ဦးက ပြောကြား သည်။
ယင်းကဲ့သို့ ကူညီဆောင်ရွက်မှု ကြောင့် လမ်းများပြန်လည်ပွင့်သွားပြီး လမ်းပန်းဆက်သွယ်ရေးများ ကောင်း မွန်ကာ သွားလာ၍ရသော်လည်း ယင်းနေရာသည် မြေကျွံကာ ကား လမ်းမကြီး တဖြည်းဖြည်းရွေ့လျား လျက်ရှိနေသောကြောင့် သတိထား ပြီး မောင်းနှင်သွားလာနေကြရ ကြောင်း သိရသည်။
(လ/ဝဝ၂) ၁၂ ဘီးကား လမ်းကြောင်းမှား၍ ရွှံ့ဗွက်ကျွံကာ ကားလမ်းပိတ်ဆို့မှုဖြစ်ပွား

(လ/ဝဝ၂)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment