Wednesday, August 12, 2015

ဖားကန့်ကျောက်မျက်လုပ်ငန်းတစ်ချို့ တူးဖော်တာတွေ ပြန်လည်စတင်နေ =========================================

ဖားကန့်ကျောက်မျက်လုပ်ငန်းတစ်ချို့ တူးဖော်တာတွေ ပြန်လည်စတင်နေ ========================================= ဖားကန့် ကျောက်မျက်လုပ်ငန်းတစ်ချို့ တူးဖော်တာတွေ ပြန်လည်စတင်နေပြီဆိုတဲ့ သတင်ြး-ဖစ်ပါတယ်။ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရပ်နားထားခဲ့ရတဲ့ ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာရှိတဲ့ ကျောက်မျက်တူးဖော်ရေး လုပ်ငန်းတစ်ချို့ ပုံမှန်ပြန်လည်စတင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အခုအချိန်မှာတော့ ကျောက်တွင်းတွေအနေနဲ့ အကွက်သစ်တူးတဲ့လုပ်ငန်းတွေအနေနဲ့ ပြန်စတင်လုပ်ကိုင်တာ မဟုတ်သေးပေမယ့် ကျန်တဲ့လုပ်ငန်းတွေက ပြန်လည်စတင်နေပြီ ဖြစ်တယ်လို့ ရေမဆေးကျောက်ရှာဖွေသူတစ်ဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ လအတွင်းက တောင်ကျ ချောင်းရေကြောင့် ဖားကန့်ဒေသမှာ ရေကြီးမှုဖြစ်ပေါ်ပြီး ကျောက်မျက်တူး ဖော်ခြင်းများ မလုပ်ကိုင်နိုင်ဘဲ ရေမဆေးကျောက် ရှာသူများလည်း ရပ်နားခဲ့ရကြောင်း ဒေသခံများက ပြောပါတယ်။ ဖားကန့်ဒေသရှိ ကျောက်မျက်လုပ်ကွက်များအနေနဲ့ ပုံမှန်မှာဆိုရင် စက်တင်ဘာလ လောက်မှာ တူးဖော်ရေးလုပ်ငန်းတွေကို ပြန်လည်စတင်လေ့ရှိပြီး လက်ရှိအချိန်မှာ အရင်တူးဖော် ရရှိထားတဲ့ ကျောက်တွေကို ကြိတ်ခွဲခြင်းလုပ်ငန်းများ ပြန်လည်စတင်နေတယ်လို့ လုပ်ငန်းရှင် တစ်ချို့ဆီကနေ သိရပါတယ်။ By Mizzima

No comments: