မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Saturday, August 15, 2015
အင်းရွာနှင့် သက္ကယ်ကျင်းရွာကြားတွင် ပျက်စီးနေသည့် ကားလမ်းပြုပြင် ===========================================
အင်းရွာနှင့် သက္ကယ်ကျင်းရွာကြားတွင် ပျက်စီးနေသည့် ကားလမ်းပြုပြင်
================================================
အင်းတော် သြဂုတ် ၁၄
အင်းတော်အင်း ဘေးတွင် ရှိသော အင်းတော်နှင့် သက္ကယ်ကျင်း ရွာကြားရှိ အင်းတော်-ဗန်းမောက် ကားလမ်းကို ဇူလိုင် ၂၉ ရက်က စပြီး အင်းတော်မြို့နယ် ဆောက်လုပ် ရေး အင်ဂျင်နီယာတာဝန်ခံက ကြီးကြပ်၍ ပြန်လည်ပြုပြင်ဆောင် ရွက်နေကြပြီဖြစ်ကြောင်း သိရ သည်။
''တောင်ကမြေပြိုလာလို့ လျှော ကျလာတဲ့ မြေတွေဟာကားလမ်း ပေါ်မှာ နေ့တိုင်းပဲရောက်ရှိလာ တယ်။ မြေထိုးကားတွေနဲ့ ရွေ့လျား လာတဲ့မြေတွေကိုထိုးပြီး မြေသယ် ကားတွေနဲ့တင်ပြီး လိုအပ်နေ တဲ့ နေရာတွေကိုပို့ပြီး အသုံးပြု ဖို့ လုပ်ဆောင်နေကြပါတယ်'' ဟု လမ်းဆောက်လုပ်ရေး ကားလမ်း အလုပ်သမား အဖွဲ့ခေါင်းဆောင် ဦးခင်မောင်ဝင်းက ပြောကြား ခဲ့သည်။
အင်းတော်- ဗန်းမောက်သွား ကားလမ်းမကြီး မြေကြောပြတ်ကာ ရွေ့လျားသွားသောကြောင့် ကား လမ်းမကြီးကို ယခုရက်ပိုင်းတွင် ပြန်လည်ပြုပြင် ဆောင်ရွက်နေကြ ပြီဖြစ်ကြောင်း သိရသည်။
သန်းမောင်လေး အင်းရွာနှင့် သက္ကယ်ကျင်းရွာကြားတွင် ပျက်စီးနေသည့် ကားလမ်းပြုပြင်

သန်းမောင်လေး
No comments:
Post a Comment