မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Wednesday, August 12, 2015
လမ်း၊တံတားများ ပြုပြင်ဆောင်ရွက်ပြီးစီး
=========================
ကန့်ဘလူ သြဂုတ် ၁၁
စစ်ကိုင်းတိုင်းဒေသကြီး ကန့် ဘလူမြို့နယ်တွင် ဇူလိုင်လလယ် နောက်ပိုင်း မိုးများသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့် လမ်းတံတားများ ရေတိုက်စားခဲ့၍ ထိခိုက်ပျက်စီးမှုများ ရှိခဲ့သည်။ ဒေသတွင်း လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုမရှိစေရန် ကန့်ဘလူ မြို့နယ် လမ်းဦးစီးဌာနက ယင်း ပျက်စီးသွားသော လမ်းတံတားများ ကို ဒေသခံပြည်သူများ လွယ်ကူစွာ သွားလာနိုင်ရေး ပြုပြင်ဆောင်ရွက် ပြီးစီးကြောင်း သိရသည်။
ရွှေဘို-မြစ်ကြီးနား ကားလမ်း၊ စံပါယ်နံ့သာ- ကန့်ဘလူ- ကျွန်းလှ လမ်း၊ မလယ်- ယမနေ -ဇီးကုန်း-ကာဘိုးလမ်းတို့တွင် တံတားနှစ်စင်း ရေကျော်တိုက်စားမှုကြောင့် ပြိုကျ ပျက်စီးခဲ့မှုနှင့် တံတား ၁ဝ စင်း၏ ချဉ်းကပ်မြေသား၊ တာပေါင်များ ရေတိုက်စားပျက်စီးခဲ့၍ ၄င်းတို့ကို ပြုပြင်ဆောင်ရွက် ပြီးစီးကြောင်း မြို့နယ်လမ်းဦးစီးဌာန ဗန ဦးရဲထွဋ် အောင်ထံမှ သိရသည်။
ထို့ပြင် မိုးအဆက်မပြတ် ရွာ သွန်းရက်များအတွင်း ယာဉ်များ သွားလာမှုများပြားသော ရွှေဘို-မြစ်ကြီးနားကားလမ်းတွင် ယာဉ်များ တိမ်းရှောင်ရာမှ လမ်းပခုံးမြေသား နိမ့်ကျွံနေသော ဇင်းရွာနှင့်ပန်းကုန်း သာအပိုင်းများတွင်လည်း အမာခံ လမ်းပခုံးသားများ ပြုပြင်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)
No comments:
Post a Comment