မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Thursday, August 13, 2015
ကလေး-ကလေးဝလမ်း မော်တော်ယာဉ်ငယ်လိုင်းများ စတင်ပြေးဆွဲ =======================================
ကလေး-ကလေးဝလမ်း မော်တော်ယာဉ်ငယ်လိုင်းများ စတင်ပြေးဆွဲ
==========================================
ကလေး သြဂုတ် ၁၂
ကလေးမြို့နယ်တွင် မြစ်သာမြစ်နှင့် နေရဉ္ဇရာမြစ်တို့ရေကြီးပြီး ဇူလိုင် ၂၈ ရက် နံနက်ပိုင်းက စ၍ ကလေးဒေသတွင် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ရာ ကလေး-ကလေးဝ ကားလမ်း ရေကျော်ပြီး မော်တော်ယာဉ်များသွားလာ၍မရဘဲ ယခုအခါ ရေပြန်ကျလာပြီဖြစ်သဖြင့် လမ်းဦးစီးဌာနမှ လမ်းပျက်သည့်လမ်းပိုင်းများကို အချိန်နှင့် တစ်ပြေးညီပြုပြင်ဆောင်ရွက်လျက်ရှိရာ သြဂုတ် ၁၁ ရက်မှစ၍ ကလေး-ကလေးဝ ကားလမ်း မော်တော်ယာဉ်ငယ်လိုင်းများစတင်ပြေးဆွဲနေပြီဖြစ်ကြောင်း သိရသည်။ မော်တော်ယာဉ်ငယ်လိုင်း မောင်းနှင်သူတစ်ဦးက ''တံတားတွေ ပျက်တာတော့မဟုတ်ဘူး။ လမ်းသားပြိုကျပျက်စီးနေတာ ဖြစ်ပေမယ့် တာဝန်ရှိသူတွေက ယာဉ်ငယ်တွေသွားလို့ရအောင် ပြုပြင်ပေးနေပါတယ်။ ရွှံ့ထူတဲ့နေရာ မှာ ကျောက်ခဲတုံးတွေယာယီခင်းပြီးသွားကြတယ်။ ကားကြီးတွေကတော့ သွားလို့မရသေးပေမယ့် ကားလေးတွေကတော့သွားလို့ရပါပြီ'' ဟုပြောသည်။
ကလေးမြို့ ရေကြီးရေလျှံမှုကြောင့် ကလေး-ကလေးဝကားလမ်းတစ်လျှောက် ၁၁ နေရာတွင် လမ်းသားများပဲ့ကျခြင်း၊ တောင်ပြိုခြင်းကို ယာယီမြေကာနံရံများ တည်ဆောက်လျက်ရှိသဖြင့် ယာဉ်ငယ်များ၊ ဟိုင်မွာဂျစ်ကားများသွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။ ချင်းတွင်းသား ကလေး-ကလေးဝလမ်း မော်တော်ယာဉ်ငယ်လိုင်းများ စတင်ပြေးဆွဲ
==========================================
ကလေး သြဂုတ် ၁၂
ကလေးမြို့နယ်တွင် မြစ်သာမြစ်နှင့် နေရဉ္ဇရာမြစ်တို့ရေကြီးပြီး ဇူလိုင် ၂၈ ရက် နံနက်ပိုင်းက စ၍ ကလေးဒေသတွင် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ရာ ကလေး-ကလေးဝ ကားလမ်း ရေကျော်ပြီး မော်တော်ယာဉ်များသွားလာ၍မရဘဲ ယခုအခါ ရေပြန်ကျလာပြီဖြစ်သဖြင့် လမ်းဦးစီးဌာနမှ လမ်းပျက်သည့်လမ်းပိုင်းများကို အချိန်နှင့် တစ်ပြေးညီပြုပြင်ဆောင်ရွက်လျက်ရှိရာ သြဂုတ် ၁၁ ရက်မှစ၍ ကလေး-ကလေးဝ ကားလမ်း မော်တော်ယာဉ်ငယ်လိုင်းများစတင်ပြေးဆွဲနေပြီဖြစ်ကြောင်း သိရသည်။ မော်တော်ယာဉ်ငယ်လိုင်း မောင်းနှင်သူတစ်ဦးက ''တံတားတွေ ပျက်တာတော့မဟုတ်ဘူး။ လမ်းသားပြိုကျပျက်စီးနေတာ ဖြစ်ပေမယ့် တာဝန်ရှိသူတွေက ယာဉ်ငယ်တွေသွားလို့ရအောင် ပြုပြင်ပေးနေပါတယ်။ ရွှံ့ထူတဲ့နေရာ မှာ ကျောက်ခဲတုံးတွေယာယီခင်းပြီးသွားကြတယ်။ ကားကြီးတွေကတော့ သွားလို့မရသေးပေမယ့် ကားလေးတွေကတော့သွားလို့ရပါပြီ'' ဟုပြောသည်။
ကလေးမြို့ ရေကြီးရေလျှံမှုကြောင့် ကလေး-ကလေးဝကားလမ်းတစ်လျှောက် ၁၁ နေရာတွင် လမ်းသားများပဲ့ကျခြင်း၊ တောင်ပြိုခြင်းကို ယာယီမြေကာနံရံများ တည်ဆောက်လျက်ရှိသဖြင့် ယာဉ်ငယ်များ၊ ဟိုင်မွာဂျစ်ကားများသွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။ ချင်းတွင်းသား
Subscribe to:
Post Comments (Atom)
No comments:
Post a Comment