Tuesday, August 11, 2015

၂၀၁၅ ရွေးကောက်ပွဲတွင် တစ်ဦးတစ်ယောက်ကို တိုက်ရိုက်ရည်စူး၍ မဲပေး, မပေး မပြောသင့်ကြောင်း ကချင်ပြည်နယ်မဘသ အတွင်းရေးမှူးဆရာတော် မိန့်ကြား

၂၀၁၅ ရွေးကောက်ပွဲတွင် တစ်ဦးတစ်ယောက်ကို တိုက်ရိုက်ရည်စူး၍ မဲပေး, မပေး မပြောသင့်ကြောင်း ကချင်ပြည်နယ်မဘသ အတွင်းရေးမှူးဆရာတော် မိန့်ကြား 10.8.2015 ၂၀၁၅ ရွေးကောက်ပွဲမှာ ဘယ်သူ့ကို မဲပေးပါ ဘယ်သူ့ကိုတော့ မဲမပေးပါနဲ့လို့ တစ်ဦးတစ်ယောက်ကို တိုက်ရိုက်ရည်စူး၍ မပြောသင့်ကြောင်း ကချင်ပြည်နယ်မဘသ အတွင်းရေးမှူးဆရာတော်ဖြစ်တဲ့ ပင်ဘော ပဲခူးစုဆရာတော်က မိုးညှင်းမြို့နယ် မဘသအဖွဲ့ ပြန်လည်ဖွဲ့စည်းခြင်း အခမ်းအနား၌ မိန့်ကြားခဲ့ပါတယ်။ ၄င်းမိုးညှင်းမြို့နယ် မဘသဖွဲ့စည်းပွဲသို့ ကချင်ပြည်နယ်မဘသ အတွင်းရေးမှူးဆရာတော်ဖြစ်တဲ့ ပင်ဘော-ပဲခူးစုဆရာတော်က မဘသအဖွဲ့ကြီး၏ ရည်ရွယ်ချက် သဘောထားခံယူချက်နှင့် လုပ်ငန်စဉ်များကို ရှင်းလင်းပြောကြားခဲ့ပြီး မဘသအဖွဲ့ဝင်များဟာ သံဃနာယက ဆရာတော်များရဲ့ သြဝါဒကိုခံယူပြီး နိုင်ငံတော်ရဲ့တည်ဆဲဥပဒေများနဲ့ မငြိစွန်းစေဘဲ လုပ်ငန်းများကိုဆောင်ရွက်ရမည်ဖြစ်ကြောင်း ၂၀၁၅ ရွေးကောက်ပွဲမှာ ဘယ်သူ့ကို မဲပေးပါ ဘယ်သူ့ကိုတော့ မဲမပေးပါနဲ့လို့ မပြောသင့်ကြောင်း တစ်ဦးတစ်ယောက်ကို တိုက်ရိုက်ရည်စူး၍ သူ့ကိုမဲပေးရင် ဘာသာ သာသနာ ဆုတ်ယုတ်အားနည်းသွားနိုင်တယ် စသည်ဖြင့် မပြောသင့်ကြောင်း ပြောကြားတဲ့မဘသအဖွဲ့များရှိပါကလည်း ထိုပြောကြားချက်သည် မဘသအဖွဲ့ကြီးရဲ့ သဘောထားဆန္ဒ မဟုတ်ကြောင်း ပြောကြားသူရဲ့ ပုဂ္ဂလိကဆန္ဒမျှသာဖြစ်ကြောင်း ဘာသာရေးပဋိပက္ခများ မဖြစ်ပွားအောင် ထိန်းသိမ်းကြစေလိုကြောင်းနဲ့ ဓမ္မစကူးလ်ကျောင်းတော်များ ကျောင်းတိုင်းကျောင်းတိုင်း ပေါ်ပေါက်စေရန် ကြိုးစားအားထုတ်ကြစေလိုကြောင်း မိန့်ကြား လျှောက်ထား ပြောကြားခဲ့ပါတယ်။ မိုးညှင်းမြို့နယ်လုံးဆိုင်ရာ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ ပြန်လည်ဖွဲ့စည်းခြင်းအခမ်းအနားကို ၈. ၈.၂၀၁၅ စနေနေ့ နေ့လည် (၁) နာရီ အချိန်တွင် မိုးညှင်းမြို့ ထီးလင်းကျောင်းတိုက်၌ ကျင်းပခဲ့ရာ ပြည်နယ်သံဃနာယက ကန်ဦးဆရာတော်အမှူးပြုသော မြို့နယ်သံဃနာယကဆရာတော်များ ဟိုပင် နမ္မား အင်းတော်ကြီးဒေသတို့မှ ဆရာတော်များနှင့်အတူ ရဟန်းရှင်လူ ၁၀၀၀ နီးပါး တက်ရောက်ဖွဲ့စည်းခဲ့ကြပါသည်။ FROM - ကချင်ပြည်နယ် မ.ဘ.သ

No comments:

Post a Comment