Wednesday, August 12, 2015

ဖားကန့်မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၁ ဒသမ ၅၁ သိန်းပြား၊ ဘိန်းဖြူဆပ်ပြာခွက် ၆၄၀ ခွက် (ဘိန်းဖြူ အလေးချိန် ၇ ဒသမ ၃၇၇ ကီလို) နှင့် ကျောက်စိမ်းအရွယ်စုံ ၂၃ တုံး (အလေးချိန် ၄၅ ဒသမ ၇ ကီလို) ဖမ်းဆီးရမိ

ဖားကန့်မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၁ ဒသမ ၅၁ သိန်းပြား၊ ဘိန်းဖြူဆပ်ပြာခွက် ၆၄၀ ခွက် (ဘိန်းဖြူ အလေးချိန် ၇ ဒသမ ၃၇၇ ကီလို) နှင့် ကျောက်စိမ်းအရွယ်စုံ ၂၃ တုံး (အလေးချိန် ၄၅ ဒသမ ၇ ကီလို) ဖမ်းဆီးရမိ နေပြည်တော်၊ ၁၁ သြဂုတ် ၉ ရက်က မူးယစ်တပ်ဖွဲ့စု(၂)မြစ်ကြီးနားမှ တပ်ဖွဲ့ဝင်များသည် မိုးညှင်း-ဖားကန့်သွား ကားလမ်းမပေါ်တွင် လယ်ပြင်ပူးပေါင်းစစ်ဆေးရေးစခန်း မရောက်မီ ကွင်းရှောင်လမ်း၌ စိုင်းစံထွန်း မောင်းနှင်ပြီး စံတင် နှင့် ဖူဆီရှိန် တို့ လိုက်ပါလာသည့် ယာဉ်အမှတ် 6D/3526၊ Vigo 4 x 4 အမျိုး အစား မော်တော်ယာဉ်ကို ရှာဖွေရာ ယာဉ်နောက်ခန်းရှိ ဂတ်စ်အိုးအခွံ (၇) လုံးအတွင်းမှ ဘိန်းဖြူ ဆပ်ပြာခွက် ၅၈၈ ခွက် (ဘိန်းဖြူအလေးချိန် ၆ ဒသမ ၇၀၁ ကီလို)၊ ယာဉ်နောက်ခန်း ကြမ်းခင်း အံဝှက်နှင့် နောက်ဖုံးပိတ်အံဝှက်အတွင်းတို့မှ ဘိန်းဖြူ ဆပ်ပြာခွက် ၅၂ ခွက်(ဘိန်းဖြူ အလေးချိန် ၀ ဒသမ ၆၇၆ ကီလို)၊ စုစုပေါင်းဘိန်းဖြူဆပ်ပြာခွက် ၆၄၀ ခွက် (ဘိန်းဖြူအလေးချိန် ၇ ဒသမ ၃၇၇ ကီလို)၊ ယာဉ်နောက်ခန်း ကြမ်းခင်းအံဝှက်နှင့် ယာဉ်နောက်ခန်း ယာဘက်တံခါး အတွင်းတို့မှ ကပ်ခွာအိတ်များဖြင့်ထည့်လျက် စိတ်ကြွရူးသွပ်ဆေးပြား ၁ ဒသမ ၅၁ သိန်းပြား နှင့် လက်ကိုင်ဖုန်း တစ်လုံး တို့ကို သိမ်းဆည်းရမိခဲ့သည်။ ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်အရ ဖားကန့်မြို့နယ်၊ ဟွေခါကျေးရွာ၊ မော်သစ်ကုန်းနေ လောက်မြင်း ၏နေအိမ်ကိုရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား သယ်ဆောင်ရာတွင် အသုံးပြုသည့် သံသေတ္တာအလွတ် (၂)လုံး၊ ဂတ်စ်အိုးအလွတ် ၆ လုံးနှင့် အိပ်ခန်းအတွင်းရှိ သံသေတ္တာ အတွင်းမှ ကျောက်စိမ်းအရွယ်စုံ ၂၃ တုံး၊ အလေးချိန် ၄၅ ဒသမ ၇ ကီလို တို့ကို ထပ်မံသိမ်ဆည်း ရမိသဖြင့် စိုင်းစံထွန်း (၂၉) နှစ်၊ စံတင် (၄၀) နှစ်၊ ဖူဆီရှိန် (၃၆) နှစ် နှင့် လောက်မြင်း(ခ)ဝင်းကျော် (၄၀) နှစ် (ဖမ်းမမိသေး)တို့ (၄) ဦးအပေါ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေအရလည်းကောင်း၊ လောက်မြင်း(ခ)ဝင်းကျော် (ဖမ်းမမိသေး)အား ကျောက်မျက်ပုဒ်မအရ လည်းကောင်း အသီးသီးအရေးယူထားကြောင်း သတင်းရရှိသည်။ ဖားကန့်မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၁ ဒသမ ၅၁ သိန်းပြား၊ ဘိန်းဖြူဆပ်ပြာခွက် ၆၄၀ ခွက် (ဘိန်းဖြူ အလေးချိန် ၇ ဒသမ ၃၇၇ ကီလို) နှင့် ကျောက်စိမ်းအရွယ်စုံ ၂၃ တုံး (အလေးချိန် ၄၅ ဒသမ ၇ ကီလို) ဖမ်းဆီးရမိ နေပြည်တော်၊ ၁၁ သြဂုတ် ၉ ရက်က မူးယစ်တပ်ဖွဲ့စု(၂)မြစ်ကြီးနားမှ တပ်ဖွဲ့ဝင်များသည် မိုးညှင်း-ဖားကန့်သွား ကားလမ်းမပေါ်တွင် လယ်ပြင်ပူးပေါင်းစစ်ဆေးရေးစခန်း မရောက်မီ ကွင်းရှောင်လမ်း၌ စိုင်းစံထွန်း မောင်းနှင်ပြီး စံတင် နှင့် ဖူဆီရှိန် တို့ လိုက်ပါလာသည့် ယာဉ်အမှတ် 6D/3526၊ Vigo 4 x 4 အမျိုး အစား မော်တော်ယာဉ်ကို ရှာဖွေရာ ယာဉ်နောက်ခန်းရှိ ဂတ်စ်အိုးအခွံ (၇) လုံးအတွင်းမှ ဘိန်းဖြူ ဆပ်ပြာခွက် ၅၈၈ ခွက် (ဘိန်းဖြူအလေးချိန် ၆ ဒသမ ၇၀၁ ကီလို)၊ ယာဉ်နောက်ခန်း ကြမ်းခင်း အံဝှက်နှင့် နောက်ဖုံးပိတ်အံဝှက်အတွင်းတို့မှ ဘိန်းဖြူ ဆပ်ပြာခွက် ၅၂ ခွက်(ဘိန်းဖြူ အလေးချိန် ၀ ဒသမ ၆၇၆ ကီလို)၊ စုစုပေါင်းဘိန်းဖြူဆပ်ပြာခွက် ၆၄၀ ခွက် (ဘိန်းဖြူအလေးချိန် ၇ ဒသမ ၃၇၇ ကီလို)၊ ယာဉ်နောက်ခန်း ကြမ်းခင်းအံဝှက်နှင့် ယာဉ်နောက်ခန်း ယာဘက်တံခါး အတွင်းတို့မှ ကပ်ခွာအိတ်များဖြင့်ထည့်လျက် စိတ်ကြွရူးသွပ်ဆေးပြား ၁ ဒသမ ၅၁ သိန်းပြား နှင့် လက်ကိုင်ဖုန်း တစ်လုံး တို့ကို သိမ်းဆည်းရမိခဲ့သည်။ ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်အရ ဖားကန့်မြို့နယ်၊ ဟွေခါကျေးရွာ၊ မော်သစ်ကုန်းနေ လောက်မြင်း ၏နေအိမ်ကိုရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား သယ်ဆောင်ရာတွင် အသုံးပြုသည့် သံသေတ္တာအလွတ် (၂)လုံး၊ ဂတ်စ်အိုးအလွတ် ၆ လုံးနှင့် အိပ်ခန်းအတွင်းရှိ သံသေတ္တာ အတွင်းမှ ကျောက်စိမ်းအရွယ်စုံ ၂၃ တုံး၊ အလေးချိန် ၄၅ ဒသမ ၇ ကီလို တို့ကို ထပ်မံသိမ်ဆည်း ရမိသဖြင့် စိုင်းစံထွန်း (၂၉) နှစ်၊ စံတင် (၄၀) နှစ်၊ ဖူဆီရှိန် (၃၆) နှစ် နှင့် လောက်မြင်း(ခ)ဝင်းကျော် (၄၀) နှစ် (ဖမ်းမမိသေး)တို့ (၄) ဦးအပေါ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေအရလည်းကောင်း၊ လောက်မြင်း(ခ)ဝင်းကျော် (ဖမ်းမမိသေး)အား ကျောက်မျက်ပုဒ်မအရ လည်းကောင်း အသီးသီးအရေးယူထားကြောင်း သတင်းရရှိသည်။ http://www.myanmarpoliceforce.org/index.php?option=com_content&view=article&id=2005:2015-08-11-15-54-16&catid=105&Itemid=680 တွင်လည်း သွားရောက် ဖတ်ရှုနိုင်ပါသည်။

No comments:

Post a Comment