လုံရှာယန်ကျေးရွာအနီးရှိ တံတားတစ်စင်း မိုင်းခွဲခံရ
=========================================
8, August, 2015 By Kachin People
၂၀၁၅ ခုနှစ် သြဂုတ်လ ၅ ရက်နေ့တွင် ပူတာအို- ဆွမ်ပရာဘွမ်- မြစ်ကြီးနားသွားကားလမ်း ပေါ်ရှိ လုံရှာယန်ကျေးရွာအနီး၊ ဒေသအခေါ်(ကျောက်ရေတွင်း)အနီးရှိ သံဘောင်ဘေလီသစ်သား တံတားအား KIA အဖွဲ့တစ်ဖွဲ့မှ မိုင်းခွဲဖျက်ဆီးခဲ့ရာ အပေါ်သံဘောင်(၂)နေရာနှင့် အောက် သံဘောင်(၂)နေရာ ပျက်စီးသွားသဖြင့် ကားကြီး/ငယ်များ မသွားလာနိုင်ကြောင်း လုံရှာယန် ကျေးရွာမှ ရွာသားတစ်ဦးက ဖုန်းဖြင့်ပြောကြားခဲ့ပါသည်။
No comments:
Post a Comment