မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Thursday, August 13, 2015
"သူရ ဦးရွှေမန်း" ပိုင်ဆိုင်မှု့နောက်ဆက်တွဲ
"သူရ ဦးရွှေမန်း"
-----------------
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းကို
ပဲခူးတိုင်း ကညွှတ်ကွင်းရွာမှာ ၁၁ ဇူလိုင်
၁၉၄၇ ခုနှစ်က ဖွားမြင်ပါတယ်။
အသက် (၆၈) နှစ် ရှိပြီး ၁၉၆၉ ခုနှစ် DSA
(Defence Services Academy) အပတ်စဉ်
(၁၁) ဖြင့် ဗိုလ်သင်တန်း ဆင်းခဲ့သူ ဖြစ်ပါတယ်။
၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံကြီးကို
စစ်တပ်က အကြမ်းဖက်နှိမ်နင်းတုန်းက ဗိုလ်မှူး
အဆင့်ပဲ ရှိပါသေးတယ်။
၁၉၈၉ ခုနှစ်မှာတော့ Karen National Union
(KNU) နှင့် ဖြစ်သော မဲသဝေါ တိုက်ပွဲမှာ အစွမ်း
ပြနိုင်ခဲ့လို့ "သူရ" ဘွဲ့တံဆိပ်ကို ရခဲ့ပြီး ဗိုလ်မှူးကြီး
အဆင့်အထိ ရာထူး တိုးမြှင့် ခံခဲ့ရပါတယ်။
၁၉၉၁ မှာ တပ်မ (၆၆) ရဲ့ ဗျူဟာမှူး၊ ၁၉၉၆ ခုနှစ်မှာ
ဗိုလ်မှူးချုပ်အဆင့်ထိ တိုးမြှင့်ခံရပြီး ရန်ကုန်မြို့လုံခြုံ
ရေးကို တာဝန်ယူရတဲ့ တပ်မ (၁၁) ရဲ့ တပ်မမှူး ဖြစ်
လာပါတယ်။
နောက်တနှစ်အကြာ ဧရာဝတီတိုင်း ပုသိမ်မြို့မှာ
အနောက်တောင်တိုင်း တိုင်းမှူးဖြစ်လာပြီး နအဖ
စစ်ကောင်စီရဲ့ယာယီ အဖွဲ့ဝင် ဖြစ်လာပါတယ်။
သက္ကရာဇ် ၂၀၀၀ ပြည့်နှစ် မှာတော့ ဗိုလ်ချုပ်
အဖြစ် ရာထူး တိုးမြှင့်ခံရပြီး စစ်ကောင်စီရဲ့
အမြဲတမ်း အဖွဲဝင် ဖြစ်လာပါတော့တယ်။
အထက်အမိန့်ကို တသဝေမတိမ်း လိုက်နာပြီး
အောင်မြင်အောင်လည်း အကောင်အထည်
ဖော်ပေးတတ်တဲ့ သူရရွှေမန်းကို ဗိုလ်ချုပ်မှူးကြီး
က မျက်စိကျသလို ဇနီးဖြစ်တဲ့ ဒေါ်ခင်လေးသက်
ကလည်း ဒေါ်ကြိုင်ကြိုင်ကို အောက်သက် ကြေ
အောင် ပြုစုတတ်သူမို့ အရှင်မွေးတော့ နေ့ချင်း
ကြီးခဲ့ပါတယ်။
ဒေါ်ခင်လေးသက် အောက်သက်ကြေပုံကတော့
ဗိုလ်ချုပ်မှူးကြီးရဲ့ မြေးအစဉ်အဆက်ကို ထိန်းပေး
ခဲ့သလို၊ သမီးတွေရဲ့ ဝေယျာဝစ္စတွေနဲ့ အိမ်မှုကိစ္စ
တွေကိုပါ မျက်နှာအောက်ချ လုပ်ပေးခဲ့တယ်လို့
အတွင်းသိတချို့က ဆိုပါတယ်။
နောက်ဆုံးတော့ ဗိုလ်ချုပ် ရွှေမန်းဟာ ကာကွယ်ရေး
ဝန်ကြီးဌာနမှာ တာဝန်ချထားခြင်းခံရပြီး တပ်မတော်
သမိုင်းမှာ တခါမှ မရှိဘူးသေးတဲ့ ရာထူးအသစ် ဖြစ်
သည့် တပ်မတော် ညှိနှိုင်း ကွပ်ကဲရေးမှူး အဖြစ်
ခန့်ထားခြင်း ခံခဲ့ရပါတယ်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကလည်း ဦးရွှေမန်းကို
ဘယ်လောက်အထိ ယုံသလဲဆိုရင် တပ်အပေါ်
သြဇာ အရှိဆုံး တယောက်ဖြစ်တဲ့ စစ်တပ်ကို
ပိုက်ဆံ ရှာပေးနေတဲ့ ဦးပိုင် လီမိတက် ဥက္ကဋ္ဌ
ဟောင်းလည်းဖြစ် စစ်ထောက်ချုပ်ဟောင်းလည်း
ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး တင်အေးနဲ့ တွဲပြီး (၂၀၀၈)
ခုနှစ်မှာ စစ်လက်နက်ပစ္စည်း ဝယ်ယူဖို့ မြောက်
ကိုရီးယားကို စေလွှတ်ခြင်းခံခဲ့ရပါတယ်။
ဗိုလ်ချုပ်ကြီး ရွှေမန်း ကိုယ်၌ကလည်း တပ်အသိုင်း
အဝိုင်း အတွင်းမှာ လူရှိန်အောင် စမတ်ကျကျ နေ
တတ်တယ်၊ အနေအထိုင် ဟော့ဟော့ရမ်းရမ်းမရှိ၊
အသောက်အစားကလည်း လူကြီးလူကောင်း ဆန်
ဆန်၊ တပ်ထဲမှာဆိုရင် တခြားဗိုက်ပူ ဗိုလ်ချုပ်တွေနဲ့
မတူဘဲ နိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်းနဲ့ သူ့ကို
စမတ် ကျတယ်ဆိုပြီး အမှတ်ပေးကြတယ်။
ဘယ်လောက်တောင် စမတ်ကျသလဲ ဆိုရင်
တခြား ဗိုလ်ချုပ်တွေလို မိန်းမကြိုက်တတ်တာ
ကိုတောင် သူ့ဆရာ ဗိုလ်ချုပ်မှူးကြီး မသိရှာဘူး
လို့တောင် ပြောရပါမယ်။
စစ်သား စစ်ဗိုလ်ဆိုတာ မိန်းမကိစ္စနဲ့ မကင်းတာ
ဓမ္မတာပါပဲ၊ ဒါပေမယ့် သူ့ရှေ့က မျိုးချစ် ဗိုလ်ချုပ်
ကြီးတွေနဲ့ မတူတာကတော့ သူရ ဦးရွှေမန်း က
နိုင်ငံတကာအမြင် ပိုရှိတယ်လို့ ဆိုရမယ်။
နီးစပ်သူတွေရဲ့ အဆိုအရတော့ ဦးရွှေမန်းဟာ
ပြည်တွင်းဖြစ်ထက် ထိုင်းနဲ့ အနောက်တိုင်းသူ
တွေကိုမှ ပိုပြီး အာသီသရှိပါသတဲ့၊ ဆက်သွယ်
ရေး လမ်းကြောင်းကတော့ သူ့သား အောင်သက်
မန်းရဲ့ဆရာဦးတေဇပါပဲ၊ အဲယားပုဂံနဲ့ဘန်ကောက်
က သွားပင့်လာပြီး ရန်ကုန်က ထိပ်တန်း ဟိုတယ်
ကြီးတွေမှာ ပျော်ပါး ပါသတဲ့။
သူ့ရဲ့သား အောင်သက်မန်းရဲ့ ဧရာရွှေဝါ ကုမ္ပဏီ
က ၁၉၉၇ ကတည်းက ဦးတေဇရဲ့ထူး ကုမ္ပဏီနဲ့
ပူးပေါင်းခဲ့ပြီး အခု အချိန်မှာတော့ စားအုန်းဆီ၊
ဓာတ်မြေသြဇာနဲ့ လယ်ယာလုပ်ငန်းသုံး စက်ကိ
ရိယာများနဲ့ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်း
များ တင်သွင်းခြင်း၊ ရွှေတူးဖော်ရေး လုပ်ငန်း၊
ဆန်၊ ပဲ၊ သစ်၊ ငါး ပုစွန် စတဲ့ ပစ္စည်းတွေကို
တင်ပို့ရေးအပြင် လောင်စာဆီတင်သွင်း ရောင်း
ဝယ်ခြင်း လုပ်ငန်းတွေ လုပ်ကိုင်ပါတယ်။
နီးစပ်သူတယောက်ကတော့ “လက်နက်ကလွဲရင်
အကုန်လုပ်တယ်”လို့ ပြောပါတယ်။
မိုးကုတ်နဲ့ ဖားကန့်မှာလည်း ကျောက်တူးဖော်ရေး
လုပ်ငန်းတွေ အကြီးအကျယ်လုပ်နေပြီး ရန်ကုန်
မှာလည်း မြေကွက် အမြောက်အမြား ပိုင်ထားပါ
တယ်။
ဘန်ကောက်၊ မလေးရှား၊ စင်ကာပူနဲ့ သြစတြေး
လျမှာ ကွန်ဒိုတွေ ဝယ်ထားပြီး မလေးရှားနဲ့ ထိုင်း
က ဘဏ်တွေမှာ ငွေစာရင်း ဖွင့်ထားတယ်လို့
အတွင်းသိတွေက ဆိုပါတယ်။
ချမ်းသာကြွယ်ဝတဲ့ ဇေကမ္ဘာ ဦးခင်ရွှေရဲ့သမီး
နဲ့ ထိမ်းမြားထားတဲ့ သူရ ဦးရွှေမန်းရဲ့သားငယ်
တိုးနိုင်မန်းဟာလည်း ဆက်သွယ်ရေး ကုမ္ပဏီ
အချို့နဲ့ ချယ်ရီ ရေဒီယို FM ပိုင်ဆိုင်တယ်လို့
သိရပါတယ်။
“အဖေနှင့် သားများ ကုမ္ပဏီ” ထူထောင်ကြတဲ့
စစ်ဗိုလ်ချုပ်များရဲ့ နောက်ဆုံးသွားရာလမ်း
ကတော့ ကြက်ကလေး ငှက်ကလေးများ
ဘဝလို အဆုံးသတ်ကြရပြီး ရာထူး ရှိနေစဉ်
ကာလမှာလည်း ရသမျှ အကုန်ယူ အကုန်ခိုး
တွေ ဖြစ်ကြတာမို့ အထင်ကြီးစရာ မရှိသလို
လူထုအတွက်ကောင်းကျိုး တခုမှ ပြုခဲ့သူတွေ
မဟုတ်လို့ ရာထူးက ဖယ်ရှားခံရလျှင်လည်း
မည်သူ တစုံ တဦးတယောက်ကမှ ဝမ်းနည်း
လိမ့်မည် မထင်ကြောင်း တင်ပြလိုက်ရပါ
လေတော့သတည်း။
Andrew Soe
၁၃ ဩဂုတ် ၂၀၁၅။
No comments:
Post a Comment