မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Wednesday, August 5, 2015
သဖန်းဆိပ်ရေလှောင်တမံ ရေသိုလှောင်မှုပမာဏနှင့်ရေအမှတ်ကျဆင်း ===========================================
သဖန်းဆိပ်ရေလှောင်တမံ ရေသိုလှောင်မှုပမာဏနှင့်ရေအမှတ်ကျဆင်း
================================================
နေပြည်တော် သြဂုတ် ၎
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဇွန်၊ ဇူလိုင်လများအတွင်း မိုးသည်း ထန်စွာရွာသွန်းခဲ့ရာ သဖန်းဆိပ်ရေလှောင်တမံမှာ သတ်မှတ်ရေလှောင် ပမာဏကျော်လွန်သဖြင့် ရေပိုလွှဲများမှ ရေထုတ်လွှတ်ခြင်း၊ ရေကျော်ခြင်း များဖြစ်ပေါ်ခဲ့သည့်အပြင် ပတ်ဝန်းကျင်ဒေသများတွင်လည်း ရေကြီးရေလျှံမှု များ ဖြစ်ပွားခဲ့သည်။
အဆိုပါအခြေအနေကို ဇူလိုင် ၂၂ ရက် ကောင်းကင်ဓာတ်ပုံမှတ်တမ်း များအရလည်းကောင်း၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနနှင့် ဆည်မြောင်းဦးစီးဌာနတို့၏ မှတ်တမ်းများအရလည်းကောင်း နှိုင်းယှဉ် သိရှိရပြီး ယခုအခါ သဖန်းဆိပ်ရေလှောင်တမံမှ ရေသိုလှောင်မှုပမာဏနှင့် ရေအမှတ် ကျဆင်းမှုအခြေအနေကို ဇယားဂရပ်တို့ဖြင့် ဖော်ပြထားရှိ သည်။
(သတင်းစဉ်)
No comments:
Post a Comment