မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Wednesday, August 12, 2015
မြန်မာနိုင်ငံမြောက်ပိုင်းဒေသများတွင် မိုးပိုလာနိုင် ================================
မြန်မာနိုင်ငံမြောက်ပိုင်းဒေသများတွင် မိုးပိုလာနိုင်
================================
နေပြည်တော် သြဂုတ် ၁၁
မှတ်သားဖွယ်ရာ မိုးရေချိန်များမှာ ဂွမြို့တွင် ၃ ဒသမ ၇၄ လက်မ၊ မြင်းမူမြို့တွင် ၃ ဒသမ ၅၄ လက်မ၊ ပခုက္ကူမြို့တွင် ၃ ဒသမ ဝ၂ လက်မ၊ စဥ့်ကူးမြို့တွင် ၁ ဒသမ ၈၅ လက်မ၊ မင်းတပ်မြို့တွင် ၁ ဒသမ ၅၇ လက်မ၊ မိုးမိတ်မြို့နှင့် ခရမ်းမြို့တို့တွင် ၁ ဒသမ ၅ဝ လက်မစီ၊ ဂန့်ဂေါမြို့တွင် ၁ ဒသမ ၄၆ လက်မနှင့် တကောင်းမြို့တွင် ဝ ဒသမ ၄၂ လက်မတို့ ဖြစ်ကြ သည်။
ဘင်္ဂလားပင်လယ်အော်အခြေအနေမှာ ကပ္ပလီ ပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံ လေ အားအသင့်အတင့်ရှိနေသည်။
သြဂုတ် ၁၂ ရက် ညနေအထိ ခန့်မှန်းချက်မှာ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ် တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်သည်။ ရွာရန်ရာနှုန်းပြည့်ဖြစ်သည်။
နေပြည်တော်နှင့် မန္တလေးမြို့တို့ အနီးတစ်ဝိုက်တွင် ယနေ့ နေရာကွက်ကျားမိုးထစ်ချုန်းရွာမည်။ ရွာရန် ရာနှုန်း ၈ဝ ဖြစ်သည်။
ရန်ကုန်မြို့နှင့် အနီးတစ်ဝိုက်တွင် ယနေ့ မိုးတစ်ကြိမ်၊ နှစ်ကြိမ် ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့်ဖြစ် သည်။
မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်ရှိမည်။
မနက်ဖြန်အတွက် ခန့်မှန်းချက်မှာ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသများတွင် မိုးပိုလာနိုင်သည်။
(မိုး/ဇလ)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment