Wednesday, August 12, 2015

မြန်မာနိုင်ငံဆန်စပါးအဖွဲ့ချုပ်၏ စီစဉ်မှုဖြင့် ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် ဆန်အရောင်းဆိုင်များ ဖွင့်လှစ်၍ သင့်တင့်မျှတသော ဈေးနှုန်းဖြင့် ရောင်းချသွားမည် ‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗

မြန်မာနိုင်ငံဆန်စပါးအဖွဲ့ချုပ်၏ စီစဉ်မှုဖြင့် ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် ဆန်အရောင်းဆိုင်များ ဖွင့်လှစ်၍ သင့်တင့်မျှတသော ဈေးနှုန်းဖြင့် ရောင်းချသွားမည် ‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗ မန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်၏ ဦးဆောင်စီစဉ်မှုဖြင့် ရေဘေးသင့် ဒေသ များအတွက် လိုအပ်သော ဆန်များကို ဆန်ဆိုင်ကြီးများ ဖွင့်လှစ်ရောင်း ချ ပေးလျက်ရှိရာတွင် မြန်မာနိုင်ငံဆန် စက်လုပ်ငန်း ရှင်များ အသင်း၊ မြန် မာနိုင်ငံ ဆန်စပါး ကုန်သည်များအသင်း၊ ဆန်စပါးဆိုင်ရာ ကုမ္ပဏီများ၊ စက်ပိုင်များ၊ ကုန်သည်များ ပူးပေါင်း ပါဝင်ဆောင်ရွက်မှုဖြင့် ဆန်အရောင်း ဆိုင်များ ထပ်မံ ဖွင့်လှစ်ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။ ဆန်ဆိုင်များ ဖွင့်လှစ်ရောင်းချမည့် မြို့နယ်များမှာ ရန်ကုန်တိုင်းဒေသကြီးတွင် ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း) နှင့် ဆန်စပါးကုန်စည်ဒိုင် (ဘုရင့်နောင်)၊ မကွေးတိုင်းဒေသကြီးတွင် ပွင့်ဖြူမြို့နယ်၊ စလင်းမြို့နယ်၊ စေတုတ္တရာ မြို့ နယ်နှင့် လယ်ကိုင်းမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ရွှေဘိုမြို့နှင့် မုံရွာ မြို့နယ်၊ ပဲခူးတိုင်းဒေသကြီးတွင် ပြည်မြို့၊ မင်းလှမြို့နယ်၊ လက်ပံတန်း မြို့နယ်၊ နတ်တလင်းမြို့နယ်နှင့် သာယာဝတီမြို့နယ်၊ မန္တလေးတိုင်း ဒေသ ကြီးတွင် မန္တလေးမြို့၊ ဧရာဝတီတိုင်းဒေသကြီးတွင် ဇလွန်မြို့နယ်၊ ညောင်တုန်းမြို့ နယ်၊ မြောင်းမြ မြို့နယ်နှင့် ဓနုဖြူမြို့နယ်၊ နေပြည်တော်တွင် ပျဉ်းမနား မြို့၊ ရခိုင် ပြည်နယ်တွင် စစ်တွေမြို့နယ်တို့ဖြစ်ကြောင်း သိရသည်။ဆန်အရောင်းဆိုင်များတွင် ပြည်ထောင်စု အစိုးရအဖွဲ့၏ လမ်းညွှန်မှုနှင့် အညီ အခြေခံစားသောက်ကုန် ဖြစ်သည့် ဆန်ကို သင့်တင့်မျှတသော ဈေးနှုန်းဖြင့် စားသုံးသူများ အတွက်လည်းကောင်း၊ ရေဘေးသင့် ပြည်သူများအတွက် လှူဒါန်းသူများအား လည်းကောင်း ပစ္စည်းမှန်၊ ဈေးနှုန်းမှန်၊ အရည်အသွေးမှန်၊ အလေးချိန် မှန်စွာဖြင့် ရောင်းချပေးမည်ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် က ကြေညာချက် ထုတ်ပြန်ခဲ့ပြီး မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်ရုံး (ဖုန်း- ဝ၁ ၂၁၈၂၆၆၆၈၊ ဝ၉ ၇၃ဝ၂၃၆၈၈) နှင့် ဆန်စပါး ကုန်စည်ဒိုင်များ၊ မြို့နယ် အသီးသီးရှိ ကုန်သွယ်မှုမြှင့်တင်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနရုံးများ တွင်ဖြစ်စေ ဆက်သွယ် ဝယ်ယူ နိုင်မည် ဖြစ်ပြီး အခြားလိုအပ်သည့် နေ ရာဒေသ များတွင်ပါ ဆက်လက် ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ video.xx.fbcdn.net

No comments: