မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Thursday, August 13, 2015
နန့်သာကျေးရွာဘုန်းကြီးကျောင်း ဓမ္မရုံ လေးတန်ချောင်းရေတိုက်စား ==========================================
နန့်သာကျေးရွာဘုန်းကြီးကျောင်း ဓမ္မရုံ လေးတန်ချောင်းရေတိုက်စား
==========================================
အင်းတော် သြဂုတ် ၁၂
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် နန့်သာကျေးရွာဘုန်းတော်ကြီး ကျောင်းဝင်းရှိ ဓမ္မာရုံကြီးသည် ဇူလိုင်လနှင့် သြဂုတ်လအတွင်းက မိုး မပြတ်ရွာသွန်းခဲ့ရာ နန့်သာရွာဘုန်းကြီးကျောင်းဝင်းကိုချောင်းရေတိုက်စား သောကြောင့် ဓမ္မာရုံကြီးသည် လေးတန်ချောင်းနှင့် ငါးတောင်ခန့်အကွာ သာရှိတော့ကြောင်း သိရသည်။
''လေးတန်ချောင်းရေကြီးတာက အမြဲလိုလိုဖြစ်နေတော့ ကျောင်းဝင်းကို ရေတိုက်စားခဲ့တယ်၊ အလျားကတော့ ပေ ၃ဝဝ လောက်ရှိတယ်၊ အနံ ကတော့ အကျယ်ဆုံးနေရာဆိုရင် ၃၅ ပေလောက်ရှိပါတယ်၊ ဒါကြောင့် နောက်မိုးရွာလို့လေးတန်ချောင်းရေထပ်ကြီးလာရင် ကျောင်းအတွက် စိုးရိမ်နေရပါတယ်'' ဟု နန့်သာရွာမှ ဦးဝင်းစိန်က ပြောကြားသည်။
လေးတန်ချောင်းသည် ကချင်ပြည်နယ်ကနေ စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့နယ်ရှိ ပေကုန်းရွာ၊ မြေပလ္လင်ရွာ၊ မန်ဟဲရွာ၊ မလူးရွာ၊ ပဲခူးရွာ၊ ရွာရှည်ရွာ၊ ဂွေ့ကြီးရွာ၊ နန့်ရုံရွာ၊ နန့်သာရွာ စသည့်ရွာများကို ဖြတ်သန်းစီးဆင်းလာပြီး ဆိပ်သာရွာအနီးကနေ မဲဇာမြစ်အတွင်း စီးဆင်းလာ သောချောင်းဖြစ်သည်။
ထိုလေးတန်ချောင်းသည် ယခုရက်ပိုင်း ကာလများက နန့်သာကျေးရွာဘုန်းကြီးကျောင်းကို ရေတိုက်စားခြင်း အန္တရာယ်ပေးနေသော ချောင်း ဖြစ်ကြောင်း သိရသည်။
ယင်းတို့ကြောင့် လေးတန်ချောင်းရေကာကွယ်ရေးလုပ်ငန်းများအား ကြိုတင်ပြင်ဆင်ထားသင့်ကြောင်း သိရသည်။
သန်းမောင်လေး
No comments:
Post a Comment