မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Wednesday, August 12, 2015
ကန့်ဘလူမြို့နယ် နှင့် တန့်ဆည်မြို့နယ် တို့ရှိ ရေဘေးသင့်ကျေးရွာများသို့ အလှူ ငွေနှင့် ပစ္စည်းများ လှူဒါန်း ▄▄▄▄▄▄▄▄▄▄▄
ကန့်ဘလူမြို့နယ် နှင့် တန့်ဆည်မြို့နယ် တို့ရှိ ရေဘေးသင့်ကျေးရွာများသို့ အလှူ ငွေနှင့် ပစ္စည်းများ လှူဒါန်း
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®
ကန့်ဘလူ သြဂုတ် ၁၁
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့တွင် ဇူလိုင်လ အတွင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေဘေး သင့် ပြည်သူများ အတွက် အလှူငွေ နှင့် အဝတ်အထည်များ စားသောက်စရာများ လှူဒါန်းပွဲအခမ်းအနားကို သြဂုတ်လ ၁၀ ရက် မွန်းလွဲ ၂ နာရီခန့်က ကန့်ဘလူမြို့ ပိတောက်သိဂီ င်္ ခန်းမ၌ ကျင်းပခဲ့သည် ။ အခမ်းအနားသို့ ဆရာတော် ဒေါက်တာ အရှင်ဓမ္မပိယ (ငါးကျမ်းပြန်) ဆရာတော် အရှင် ယောသိတာ ဘိဝံသ (USA) . တိုင်းသာသနာရေးဝန်ကြီး ဦးတင်ဝင်း . မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးလွင် နှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် ဆရာတော် ဒေါက်တာ အရှင် ဓမ္မပိယ (ငါးကျမ်းပြန်) . ဆရာတော် အရှင်ယောသိတာ ဘိဝံသ (မေတ္တာနန္ဒ.USA) နှင့် ပြည်တွင်းပြည်ပ အလှူရှင်များ မှ ရေဘေး သင့်ပြည်သူများ ကယ်ဆယ်ရေး လုပ်ငန်းဆောင်ရွက်ရင်း အသက်ပေးလှူ သွားကြသော ဝန်ထမ်း (၃) ဦး၏ မိသားစု ဝင်များအား တစ်ဦးလျှင် ငွေကျပ် တစ်သိန်း / ဆန်တစ်တင်းခွဲအိတ် တစ်အိတ် / ဝတ်စုံ တစ်စုံ / ဆေးဗူးနှင့် မုန့်ထုပ်များကို လည်းကောင်း/ ကန့်ဘလူမြို့နယ် ပေါက်ဆိန်ကုန်းကျေးရွာနှင့် ကံကြီးကျေးရွာရှိ နေအိမ်ပျက်ဆီး ဆုံးရှုံးသွားသော အိမ်ထောင်စု(၁၀) စုအား တစ်အိမ်လျှင် ငွေကျပ် ငါးသောင်း / ဆန်တစ်တင်းခွဲအိတ် တစ်အိတ်/ အဝတ်အထည် / ဆေးနှင့် မုန့်များကိုလည်းကောင်း / ကြခတ်အိုက် ရွာ နေအိမ် (၆၄) အိမ် / လျော်ဖြူကုန်းရွာ နေအိမ် (၃၆) အိမ် / ကံကြီး (ရှေ့) ရွာ နေအိမ် (၁၅) အိမ်/ ကံကြီး (နောက်) ရွာ နေအိမ် ( ၅ ) အိမ် / စုစုပေါင်း အိမ်ခြေ (၁၂၀) ရှိ ရွာတို့ မှ ရေဘေးသင့် ပြည်သူ များအား အိမ်ထောင် တစ်စုလျှင် ငွေကျပ် တစ်သောင်း/ ဆန်တစ်တင်းခွဲအိတ်တစ်အိတ်/ ဆေး နှင့် မုန့်တို့ကိုလည်းကောင်း/ တန့်ဆည်မြို့နယ် နားဍောင်းကျေးရွာ စိုက်ပျိုးစပါး ပျက်စီးမှုများအတွက် မျိုးစပါး တစ်တင်းခွဲအိတ် (၂၀) အိတ်/ ဗျက်ကြီးရွာ စိုက်ပျိုးစပါး ပျက်စီးမှုများအတွက် မျိုးစပါးတစ်တင်းခွဲအိတ် (၂၀) အိတ် / တုတ္တလုပ် (မြောက်) ရွာ စိုက်ပျိုးစပါး ပျက်စီးမှုများအတွက် မျိုးစပါး နှစ်တင်းဝင်အိတ် (၅) အိတ် / အောင်သုခရွာ စိုက်ပျိုးစပါး ပျက်စီးမှုအတွက် မျိုးစပါးနှစ်တင်းဝင်အိတ် (၅) အိတ် / ကန့်ဘလူမြို့နယ် ပိုးဇာကုန်း ရွာ စိုက်ပျိုးစပါး ပျက်စီးမှုများအတွက် မျိုးစပါး တစ်တင်းခွဲအိတ် (၁၀) / စပါးသယ် ယူခ ငွေကျပ် ငါးသောင်းကို လည်းကောင်း ကန့်ဘလူမြို့နယ်ရှိ ကန့်ဘလူ-ငါတို့ရွာ တံတားပြုပြင်ရန်အတွက် ငွေကျပ် (၁၀) သိန်း / ကန့်ဘလူမြို့နယ် ပေကုန်း(တ)ရွာ တံတားပြုပြင်ရန် အတွက် ငွေကျပ် (၁၅) သိန်း / စုစုပေါင်း ငွေကျပ် သိန်း (၁၀၀) လှူ ဒါန်းခဲ့ကြရာ တာဝန်ရှိသူများက လက်ခံခဲ့ ကြကြောင်း သိရသည် ။
Credit to: MOI Webportal Myanmar ကန့်ဘလူမြို့နယ် နှင့် တန့်ဆည်မြို့နယ် တို့ရှိ ရေဘေးသင့်ကျေးရွာများသို့ အလှူ ငွေနှင့် ပစ္စည်းများ လှူဒါန်း

Credit to: MOI Webportal Myanmar
No comments:
Post a Comment