မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Tuesday, August 18, 2015
သူရဦးရွှေမန်းရဲ့ နိုင်ငံရေး အနာဂတ်
သူရဦးရွှေမန်းရဲ့ နိုင်ငံရေး အနာဂတ်
Tuesday, August 18, 2015
နေပြည်တော်မှာ တနင်္လာနေ့က ပြုလုပ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ တွေ့ဆုံပွဲမှာ သမ္မတ ဦးသိန်းစိန် တက်ရောက်ခဲ့ပေမယ့် ပါတီဝင်အဆင့်သာ ရှိတော့တဲ့ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရ ဦးရွှေမန်း မလာရောက်ခဲ့ပါဘူး။
သူရ ဦးရွှေမန်းကို ကြံ့ခိုင်ရေးပါတီ ပူးတွဲ ဥက္ကဌ ရာထူးကနေ ပြီးခဲ့တဲ့ ရက်ပိုင်းကမှ ဖြုတ်ချခဲ့ပေမယ့်၊ သူ့ရဲ့ ပြည်သူ့လွှတ်တော်ဥက္ကဌ နေရာကို ဖယ်ရှားဖို့ဆိုတာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ လုပ်လို့ မရကြောင်း နိုင်ငံရေး သုံးသပ်စိတ်ဖြာသူ စာရေးဆရာ သန်းစိုးနိုင်က ပြောပါတယ်။
ဒါပေမယ့် ဦးသိန်းစိန်တို့ ဘက်ကနေ သူ့ကို ဖြုတ်ချနိုင်အောင် ဆောင်ရွက်လိမ့်မယ်လို့ ဆရာ သန်းစိုးနိုင်က သုံးသပ်ပါတယ်။
တပ်မတော်က ဦးရွှေမန်းကို သစ္စာဖေါက် တယောက်လို သဘောထားနေပြီး၊ လက်ရှိမှာ တပ်မတော်ရဲ့ အဆုံးအဖြတ်က ပိုပြီး အဓိကကျတယ်လို့ ဆိုပါတယ်။
အခုလို ဖြစ်စဉ်တွေအရ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူရ ဦးရွှေမန်းတို့ ပုံစံတမျိုးနဲ့ ပူးပေါင်းပြီး ၂၀၁၅ ရွေးကောက်ပွဲမှာ ပါဝင်လိမ့်မယ်လို့လည်း သူက ပြောပါတယ်။
သူရ ဦးရွှေမန်းဟာ နိုင်ငံရေး သေသွားမှာမဟုတ်ပေမယ့် အာဏာပြန်လည် ရရှိရေးကတော့ မမျှော်လင့်နိုင်တော့ဘူးလို့ ဆရာ သန်းစိုးနိုင်က သုံးသပ်သွားပါတယ်။
BBC
No comments:
Post a Comment