Wednesday, August 12, 2015

မြန်မာ့သမ္မတဆိုသည်မှာ

========= မြန်မာနိုင်ငံမှာ သမ္မတဖြစ်ရတာ သနားစရာကောင်းပါ့။ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ တတိယမြောက် သမ္မတ ဖြစ်ခဲ့တဲ့ မန်းဝင်းမောင် ပြောခဲ့တဲ့ စကားမှတ်မိသေးတယ်။ “သမ္မတဖြစ်မှ ပညာသုံးခုတတ်တယ်။ တောင်ရှည်ပုဆိုးကို နှစ်မိနစ်နဲ့ ၀တ်နိုင်တယ်။ မြင်းစီးတတ်တယ်။ ဂေါ့ဖ် ရိုက်တတ်တယ်” တဲ့။ အဲဒီခေတ်က (၁၉၅၈) သမ္မတဆိုတာ အမည်ခံသက်သက်။ အစိုးရတင်ပြတာကို လက်မှတ်ထိုး၊ နိုင်ငံခြားက သမ္မတအဆင့် ၀န်ကြီးချုပ်အဆင့်တွေလာရင် ကြိုဆို၊ သူမသိလိုက်တဲ့ ဘွဲ့ထူးဂုဏ်ထူးပေးထားသူတွေကို ရာထူး ချီးမြှင့်၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို အလွတ်ထိုင်ကျက်နေရသတဲ့။ သမ္မတဆိုတာ ရုပ်ပြသဘောဖြစ်အောင်ထားခဲ့တော့ သမ္မတဆိုတာ နိုးပါဝါပဲ။ ဒါပေမဲ့ ထုံးစံအတိုင်း သမ္မတပါဝါနဲ့ ဗိုလ်မှူးချစ်ကောင်းကို သေဒဏ်က လွှတ်ပေးနိုင်ခဲ့တာလေးတစ်ခုပဲ သူ့သက်တမ်းအတွင်းမှာ အကောင်းဆုံး လုပ်သွားနိုင်ခဲ့တာ။ ခုလည်း သမ္မတကြီး ဦးသိန်းစိန်ကို ဘယ်သူက မြှောက်ပေးလိုက်တယ် မသိပါဘူး။ ရေဆိုးကို ရေသန့်အောင် လုပ်ထားတာ သောက်ပြဆိုလည်း သူ့ခမျာ မရွံမရှာ သောက်ပြနေရတာပဲ။ ပါတီကပဲ စည်းရုံးရေးအရ သောက်ခိုင်းလိုက်တာလား၊ အပေါ့်အပေါ်က ပေါ့ ပေါ် ပေါ တွေကပဲသောက်ခိုင်းလိုက်တာလား တော့ မသိပါ ဘူး။ နောက်တစ်ကြိမ်ဆိုတာ အရေးကြီးတော့ အဆိပ်မဟုတ်ရင် သောက်ရတော့မှာပေါ့။ ဦးသိန်းစိန်လည်း ကမ္ဘာပတ်ပြီး ပိုက်ဆံချေးတတ်တယ်၊ တစ်ကျွန်းစံတွေကို ၈ ရက်နဲ့ လွှတ်တတ်တယ်။ ဟို တုန်းက သမ္မတက ပိုက်ဆံမချေးရဘူးဗျ။ တစ်လ ၅၀၀၀ ကျပ်နဲ့ လောက်အောင်သုံးတတ်သတဲ့။ ခုသမ္မတ ကတော့ သိန်း ၅၀ ကိုယူသလိုလို၊ မယူသလိုလို။ Tin Nyunt

No comments:

Post a Comment