မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Thursday, August 13, 2015
မဲဆန္ဒရှင် ပြည်သူများသို့ ပြည်သူ့အာဏာ စာမျက်နှာ၏ တိုက်တွန်းချက် အမှတ်(၁/၂၀၁၅)

“လူကိုမကြည့်ပဲ မဲပေးမလား၊ ကိုယ့်ဒေသအတွက် ယုံကြည်စိတ်ချ အားကိုးရသူဖြစ်မှ မဲပေးမလား”
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က NLD ကိုယ်စားလှယ်လောင်းများကို အရည်အချင်း မကြည့်ပဲ NLD ပါတီ၏ နာမည်ကိုသာ ကြည့်၍ မဲပေးကြရန် ဟောပြောစည်းရုံးလျက်ရှိသော်လည်း NLD ပါတီဝင်များကပင် လက်ခံနိုင်ခြင်းမရှိပဲ ဗဟိုက ရွေးချယ်သည့် ကိုယ်စားလှယ်လောင်းများကို လဲလှယ်ပေးရန် ဆန္ဒပြ တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြသည်။
လွှတ်တော်ကိုယ်စားလှယ်များသည် တသီးပုဂ္ဂလများလည်းဖြစ်နိုင်သလို ပါတီအမျိုးမျိုးမှ ပါတီဝင်များလည်း ဖြစ်နိုင် ပါသည်။ သို့သော်လည်း တသီးပုဂ္ဂလဖြစ်စေ၊ ပါတီဝင်ဖြစ်စေ လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာသည်နှင့် မိမိပါတီ အကျိုးစီးပွားထက် မိမိတို့ မဲဆန္ဒနယ်အကျိုးစီးပွားကို ဦးစားပေးဆောင်ရွက်ကြရမည်ဖြစ်သည်။ ထိုသို့ လွှတ်တော် ကိုယ်စားလှယ်တစ်ဦးချင်းက မိမိတို့မဲဆန္ဒနယ်ဖွံ့ဖြိုးတိုးတက်ရေး၊ တရားမျှတမှုမရှိသည့်ကိစ္စများကို လွှတ်တော်တွင် တင်ပြဆောင်ရွက်ပေးခြင်း၊ ခေတ်နှင့်လိုက်လျောညီထွေ မရှိတော့သည့် ဥပဒေများကို ပြင်ဆင်ခြင်းနှင့် ပြဌာန်းခြင်း၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး ကဏ္ဍကို ထိန်းကြောင်းခြင်းများဖြင့်သာ တစ်နိုင်ငံလုံး ဖွံ့ဖြိုးတိုးတက် မည်ဖြစ်သည်။
မိမိ မဲဆန္ဒနယ် တိုးတက်ရေးကို စိတ်မဝင်စားသည့် တစ်ကိုယ်ကောင်းသမားများ၊ စိတ်ဝင်စားသည့်တိုင် လုပ်ဆောင် နိုင်စွမ်း မရှိသည့် အရည်အချင်းမပြည့်မီသူများ၊ ပါတီက ခိုင်းသမျှကိုသာ လက်ညှိးထောင်ခေါင်းညိတ် လုပ်တတ်သူများ ၊ အမျိုး၊ ဘာသာ ၊ သာသနာကို ပစ်ပယ်သူများ၊ အကျင့်စာရိတ္တမကောင်းသူများ လွှတ်တော် ကိုယ်စား လှယ်ဖြစ်လာပါက ထိုမဲဆန္ဒနယ်သည် ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးပြီး အရည်အချင်းမရှိသည့်၊ အကျင့်စာရိတ္တ မကောင်းသည့် လွှတ်တော် ကိုယ်စားလှယ်များ များပြားပါက တစ်နိုင်ငံလုံး ဖွံ့ဖြိုးတိုးတက်မှု နောက်ကျမည်ဖြစ်သည်။
ပါတီက ရွေးလိုက်သည့် လွှတ်တော်ကိုယ်စားလှယ် မကောင်းလျှင် အရေးယူမည်ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောကြားနေသော်လည်း ကိုယ်စားလှယ်လောင်းရွေးချယ်မှု မကောင်းသဖြင့် ဆန္ဒထုတ်ဖော်တင်ပြနေသည့် ပါတီဝင်များ ကို ပါတီမှထုတ်ပယ်ခြင်းဖြင့် အရေးယူနေသည်ကို တွေ့မြင်နိုင်ပါသည်။ ထို့ကြောင့် ပါတီကိုကြည့်၍ မဲပေးခြင်းဖြင့် အသုံး မကျသော လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်လာပါက လွှတ်တော်ကိုယ်စားလှယ်အသုံးမကျပါ ဟု ပြောသည့် ပြည်သူများပင်လျှင် အရေးယူခံရနိုင်သည့် ဖြေရှင်းမှုများ ဖြစ်နေပါသည်။
ဒေါ်အောင်ဆန်းစုကြည်က အရေးယူမည်ဟု ပြောနေသော်လည်း ပါတီဝင်အဖြစ်မှ ထုတ်ပယ်ရုံသာ တတ်နိုင်ပြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ်က ပြန်လည်ဖြုတ်ချ၍ မရအောင် ဥပဒေကို အချိန်ဆွဲ ပိတ်ပင်ထားသောကြောင့် ရွေးကောက်ပွဲတွင် မဲပေး လိုက်သော လွှတ်တော်ကိုယ်စားလှယ် ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ ကြိုက်သည် ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ ၅ နှစ်လုံးလုံး အိပ်လိုက်စားလိုက်နေလျှင်ပင် တစ်လ ၁၀ သိန်းကျော် ရရှိခံစား သွားမည် ဖြစ်ပါသည်။ လက်တွေ့ အရေးယူရာတွင် ပါတီမှထုတ်ပယ်ခြင်းကိုသာ ဒေါ်အောင်ဆန်းစုကြည်လုပ်ဆောင်နိုင်သည်ကို သတိဖြင့် စဉ်းစားကြစေလိုပါသည်။
ထို့ကြောင့် လွှတ်တော်ကိုယ်စားလှယ်များ ရွေးချယ်ရာတွင် အနည်းဆုံး အောက်ပါ အချက်သုံးချက်ဖြင့် ပြည့်စုံခြင်း ရှိ/မရှိ လေ့လာသုံးသပ်ပြီးမှ ရွေးချယ်သင့်ပါကြောင်း ပြည်သူ့အာဏာက တိုက်တွန်းလိုက်ရပါသည်-
(၁) အမျိုး၊ ဘာသာ ၊ သာသနာကို ကာကွယ်စောင့်ရှောက် နိုင်မည့်သူ ဟုတ်/မဟုတ်၊
(၂) အကျင့်စာရိတ္တ ကောင်း/မကောင်း၊
(၃) စဉ်းစားတွေးခေါ်နိုင်စွမ်း ရှိသူ ဟုတ်/မဟုတ်၊ မဲဆန္ဒရှင် ပြည်သူများသို့ ပြည်သူ့အာဏာ စာမျက်နှာ၏ တိုက်တွန်းချက် အမှတ်(၁/၂၀၁၅)

(၃) စဉ်းစားတွေးခေါ်နိုင်စွမ်း ရှိသူ ဟုတ်/မဟုတ်၊
No comments:
Post a Comment