Wednesday, August 12, 2015

ဖားကန့်မြို့တွင်း ရေကြီးစဉ်ကျန်ခဲ့သော အမှိုက်သရိုက်များနှင့် ရေနုတ်မြောင်းများ သန့်ရှင်းရေး ပြုလုပ် ============

ဖားကန့်မြို့တွင်း ရေကြီးစဉ်ကျန်ခဲ့သော အမှိုက်သရိုက်များနှင့် ရေနုတ်မြောင်းများ သန့်ရှင်းရေး ပြုလုပ် ========================================= 11, August, 2015 By Kachin People ကချင်ပြည်နယ် ဖားကန့်မြို့တွင် ပြီးခဲ့တဲ့လက ရေကြီးခဲ့ပြီး ရေပြန်လည်ကျဆင်းသွားပြီ ဖြစ်ကြောင်း သိရှိရပါသည်။ ရေပြန်လည်ကျဆင်းသွားချိန်မှာ ကျန်ရှိခဲ့တဲ့ အမှိုက်တွေ ရွံ့နွှံတွေဟာ မြို့တွင်း ရေနုတ်မြောင်းတွေမှာ ပိတ်နေတာကြောင့် ရေမစီးနိုင်ပဲ လမ်းပေါ်မှာ ရေတွေ ကျန်ရှိ နေသေးကြောင်း သိရှိရပါသည်။ ထို့ကြောင့် ဖားကန့်နယ်မြေခံတပ်ရင်းတွေကနေပြီး ပိတ်ဆို့နေတဲ့ ရေနုတ်မြောင်းတွေကို လိုက်လံ ရှင်းလင်းရေးတွေ လုပ်နေတယ်လို့ ဖားကန့်မြို့ခံတွေဆီက ကြားသိရပါသည်။ ယခုလို ပြုလုပ်ပေးခဲ့တဲ့အတွက်လဲ ဒေသခံတွေက စားသောက်ဖွယ်ရာတွေနဲ့ ကျွေးမွေးဧည့်ခံကြတယ် လို့လဲ ကြားသိရပါသည်။

No comments:

Post a Comment