မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Monday, July 27, 2015
NCA ထိုးရင် လက်နက်ကိုင်အားလုံး ပါဝင်ခွင့်ရနိုင်ဖွယ်မရှိ. ==================================
NCA ထိုးရင် လက်နက်ကိုင်အားလုံး ပါဝင်ခွင့်ရနိုင်ဖွယ်မရှိ.
====================================
တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးနိုင်ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့ ထိပ်သီး ခေါင်းဆောင်များနှင့် အစိုးရနှင့် အပစ်ရပ်သဘောတူစာချုပ် အချောသပ်နိုင်ရေး ၎င်းတို့ဘက်က ဖွဲ့စည်းထားသည့် အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ် အဖွဲ့ (SD) တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တနေရာတွင် ဒုတိယမြောက်နေ့အဖြစ် တွေ့ဆုံ ဆွေးနွေးနေကြပြီဖြစ်သည်။
မကြာသေးခင်က ရန်ကုန်မြို့တွင်အစိုးရနှင့် ဆွေးနွေးညှိနှိုင်းရာတွင် သဘောတူညီမှု မရရှိသေး၍ ကျန်ရှိနေသေးသည့် အချက် (၃) ချက်အပါအဝင် တိုင်းရင်းသား ခေါင်းဆောင်များ အကြားသီးသန့်ညှိနှိုင်းစရာလိုအပ်သည့် အချက်များကို ဆွေးနွေးကြမည်ဟုသိရသည်။
တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့များက NCA လက်မှတ်ထိုးရာတွင် "တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ အားလုံးပါဝင်ရေး" မူကိုကိုင်စွဲထားသော်လည်း အစိုးရဘက်က လက်မခံပေ။ ယနေ့အစည်း အဝေးတွင် အားလုံးပါဝင်နိုင်ရေးအတွက် ထိပ်သီးခေါင်းဆောင်များထံမှ အဆုံးအဖြတ် သဘောထား ရယူကြမည်ဖြစ်သည်။
သတင်း၊ ဓာတ်ပုံ - ကျော်ခ၊ ဧရာဝတီ
No comments:
Post a Comment