မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Thursday, July 9, 2015
ကျွန်တော်သိသော KIO ဒုဥက္ကဌ အင်ဘန်လ(သို့) မင်းကုန်းရွာက အင်ဘန်လအောင် =========================================
ကျွန်တော်သိသော KIO ဒုဥက္ကဌ အင်ဘန်လ(သို့) မင်းကုန်းရွာက အင်ဘန်လအောင်
=========================================
8, July, 2015 By Voice Of Kachin
ယခု KIO ဒုဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး အင်ဘန်လ(သို့) အင်ဘန်လအောင်ဟာ (အဖ)ဦးအင်ဘန်ဂမ် (အမိ)ဒေါ်လူလန်ရွယ်ဂျားတို့မှ ၂၇-၅-၁၉၄၈ မှာ မင်းကုန်းကျေးရွာ၊ မိုးညှင်းမြို့နယ်မှာ မွေးဖွားခဲ့ပါတယ်။ မွေးချင်း ၄ ယောက်ထဲမှာ သူက ဒုတိယမြောက်သား ဖြစ်ပါတယ်။
ပညာအရည်အချင်းကတော့ စတုတ္ထတန်းကို တတိယနှစ်ထိနေပြီး ထပ်မံကျရှုံးလို့ ကျောင်းထွက်လိုက်ပါတယ်။ မိဘက ကျောင်းထုတ်ပြီး တောင်ယာလုပ်ငန်းခိုင်းတော့ အလုပ်ကို မယ်မယ်ရရ ဖြစ်မြောက်အောင် မလုပ်ချင်ပဲ ကြုံရာကျပန်းလုပ်ရင်း အရက်သမားလေး ဘ၀ရောက်ခဲ့ပါတယ်။ နောက်ပိုင်း မိဘကအိမ်မှ နှင်ချလိုက်လို့ မိုးညှင်း၊ မိုးကောင်း၊ မြစ်ကြီးနားအစုံရောက်ကာ မိန်းမတစ်ယောက်စတင်ရပြီး ယူလိုက် ကွဲလိုက် လုပ်ခဲ့ပါတယ်။
အင်ဘန်လအောင်ဟာ နောက်ဆုံးတော့ ကျင်းသမားဘ၀နဲ့ ဖားကန့်ကိုရောက်ရှိခဲ့ပါတယ်။ ကျင်းသားဘ၀ကနေ ဆက်ကြေးလာကောက်တဲ့ KIO နဲ့လိုက်သွားပြီး ၁၉၆၄ ခုနှစ်မှာ စတင် တောခိုခဲ့ပါတယ်။ KIO ထဲရောက်ပြီး မကြာခင် အင်းတော်ကြီးဒေသ နန်းမွန်းကျေးရွာက ဒေါ်နန်းဇိမ်းကော့ဖန်နဲ့ အိမ်ထောင်ကျခဲ့ပါတယ်။ ဒေါ်နန်းဇိမ်းကော့ဖန်နဲ့ သားသမီး (၇)ယောက် ထွန်းကားခဲ့ပါတယ်။
အဲ့ဒီလိုနဲ့ KIO ထဲကနေ ဆက်ကြေးကောက် ရသမျှလေးကို မကောင်းတာလေးတွေ လုပ်ရင်း ရင်း(၆)မှာ တပ်ဖွဲ့မှူးရာထူးကို အဆင့်တိုးမြှင့်လို့ တာဝန်ထမ်းဆောင်ရပါတော့တယ်။ တပ်ခွဲမှူးတာဝန်နဲ့ KIO သြဇာမခံသူများအား သတ်ဖြတ်ပြရင်း အသက်(၃၀)ကျော်လာတဲ့ အချိန်မှာ ရင်း(၆)ရဲ့ ရင်းမှူးတာဝန်ကို ထမ်းဆောင်ခဲ့ပါတယ်။
အဲ့ဒီနောက် ရင်း(၂၅၃)၊ ရင်း(၃) တို့မှာ ရင်းမှူးအဖြစ်တာဝန်ထမ်းဆောင်ပြီး ခိုးဆိုးနိုက် လုပ်ခဲ့ပါတယ်။ ၁၉၉၆ မှာတော့ ဗိုလ်မှူးအဆင့်နဲ့ ဗဟိုဌာနချုပ်သို့ ပြောင်းရွေ့ပြီး KIO ဗဟိုဌာနချုပ် စစ်ထောက်နဲ့ လက်နက်တိုက်ဂိုဒေါင်မှူး တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
အဲ့ဒီနောက် စစ်ထောက်တာဝန်ယူရတဲ့ အင်ဘန်လဟာ ကျောင်းစိမ်းတွေ မှောင်ခိုတင်သွင်း ပါတော့တယ်။ ကျောက်စိမ်းစီးပွားရေးလုပ်ငန်းရှင်တွေကို တဖက်နိုင်ငံက မှောင်ခိုစီးပွားရေး လုပ်ငန်းရှင်တွေနဲ့ ချိတ်ဆက်ပေးကာ ကယ်ရီလုပ်ပါတော့တယ်။ သစ်မှောင်ခိုတွေလဲ စတင် လုပ်ပါတော့တယ်။ ဒီလိုနဲ့ အမြတ်အစွန်းတွေ များများရပြီး အဖွဲ့အစည်းအတွင်းမှာ နေရာ တော်တော်ရလာပါတယ်။
နောက်ပိုင်း ၂၀၀၁ ခုနှစ် ဖေဖော်ဝါရီလထဲမှာ KIA အဖွဲ့အစည်းအတွင်း သဘောထား ကွဲလွဲမှုတွေဖြစ်ပြီး အကြီးပိုင်းတွေဖြစ်တဲ့ စစ်ဦးစီးချုပ် မလိဆွတ်ဇော်မိုင် အပါအ၀င် အခြား ခေါင်းဆောင်တွေ ဖြုတ်ချရာမှ အင်ဘန်လ ရာထူးတက်လာခဲ့ပါတယ်။ ၂၀၀၅ ဖေဖော်ဝါရီလထဲမှာ စစ်ကော်မရှင် ဥက္ကဌရာထူးကို လက်ခံယူခဲ့ပါတယ်။ ၂၀၀၆ ဇွန်လ ထဲမှာတော့ ဗဟိုကော်မတီ အစည်းအဝေးပြုလုပ်ပြီး KIO ဒုဥက္ကဌရာထူးကို တက်ယူလိုက်ပါတော့တယ်။
တစ်ချိန်က (၄)တန်းတောင်မအောင် ဘာလုပ်ငန်းမှမလုပ် အရက်သမားလေးဖြစ်ပြီး မိဘက နှင်ချခဲ့ရာ မြစ်ကြီးနား၊ မိုးကောင်းမှာ ကြုံရာကျပန်းလုပ်ရင်း ဖားကန့်မှာ ကျောက်တူးကာ ဆက်ကြေးကောက်လာတဲ့  KIO ကိုအားကျပြီး ချမ်းသာချင်စိတ်တစ်ခုအတွက်နဲ့ ၀င်လာခဲ့ရာက အခု KIO ဒုဥက္ကဌ ရာထူးကို ယူထားပြီးတော့ ကချင်လူမျိုးတွေကို သတ်နေတာ အင်ဘန်လ(သို့) အင်ဘန်လအောင်ပါပဲ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment