မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Tuesday, July 21, 2015
ရွှေမှော်လုပ်ကိုင်နေသူ(၁၀)ဦးအားKIAအဖွဲ့ မှလူသစ်အဖြစ် ဖမ်းဆီး

ဇူလှိုင်လ ၂၀ ရက်၊ ၂၀၁၅
ကချင်ပြည်နယ်၊ ဒွန်ခါရွှေမှော်၌ ရွှေလုပ်ငန်းလုပ်ကိုင်နေသူ ၁၀ ဦးခန့်အား KIA အဖွဲ့မှ ဇူလိုင်လ ၁၅ရက်နေ့တွင် လူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းယင်းရွှေမှော် လုပ်သားများထံမှ သိရပါသည်။
“KIA အဖွဲ့ကနေ ကျွန်တော်တို့ကိုဒီမှော်ထဲကနေထွက်ခွာသွားဖို့ ပြောထားတာရှိတယ်။ မထွက်ရင် ဖမ်းမယ်လို့ ပြောထားတယ်။ ကျွန်တော်တို့လည်း ပြန်ဖို့ လုပ်နေတာပဲ။ စက်လှေမရှိတော့ ပြန်လို့မရဘူး ဖြစ်နေတယ်။ သူတို့က လူအင်အားလိုတယ် ပြောပြီး မှော်လုပ်သား ၁၀ ယောက်တောင် ဖမ်းသွားတယ်။ နောက်တစ်ခေါက် လဲ ထွက်ပြေးတိမ်းရှောင်နေသူတွေကို ထပ်ဖမ်းအုံးမယ်လို့ ပြောသွားတယ်” ဟု မှော်လုပ်သားတစ်ဦးက ပြောပါသည်။
KIA အဖွဲ့သည် အစိုးရတပ်များနှင့် တိုက်ပွဲပြန်လည်ဖြစ်ပွားပြီးနောက်ပိုင်းတွင် ရွှေမှော်အတွင်း၌ရွှေလုပ်ငန်းလုပ်ကိုင်နေသူများအားအကြောင်းအမျိုးမျိုးပြကာလူသစ်အဖြစ် မကြာခဏလာရောက်ဖမ်းဆီးတတ်ကြောင်းသိရပါသည်။
“အခုတစ်ခေါက် ၁၀ ယောက်တောင် သူတို့အဖွဲ့တွေ လာဖမ်းသွားတယ်။ သေနတ် တွေ ကိုင်ထားတော့ ဘယ်သူမှ သူတို့ကို ပြန်မပြောရဲကြဘူးလေ၊ အသတ်ခံရမှာ ကြောက်တာနဲ့ ငြိမ်ခံနေတာပါဘဲ” ဟု ရွှေမှော် လုပ်ငန်းရှင်တစ်ဦးကပြောပါသည်။
KIA အဖွဲ့သည်မှ ယခုကဲ့သို့လူသစ်အဖြစ်အတင်းအကြပ် လာရောက်ဖမ်း ဆီးနေ မှုများကြောင့် ရွှေမှော်လုပ်ငန်းလုပ်ကိုင်နေသူများသည် ဘ၀လုံခြုံမှု မရှိသဖြင့် နေရပ်သို့အမြန်ပြန်ချင်နေပြီ ဖြစ်ကြောင်းနှင့်လက်ရှိအနေ အထားအရစက်လှေ အတတ်အဆင်းမရှိသေးသဖြင့် စောင့်ဆိုင်း နေရ ကြောင်း တီယန်ဇွတ်အထက် ရွှေမှော်မှ လုပ်သားတစ်ဦး၏ ပြောပြချက်အရ သိရှိခဲ့ရပါသည်။
ဆိုင်ဖနော် ရွှေမှော်လုပ်ကိုင်နေသူ(၁၀)ဦးအားKIAအဖွဲ့ မှလူသစ်အဖြစ် ဖမ်းဆီး

ဆိုင်ဖနော်
No comments:
Post a Comment