မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Wednesday, July 15, 2015
တနိုင်းမြို့နယ်ရှိ ရွှေမော်တွင် နောက်ထပ် ပြည်သူ (၂) ဦး KIA တိုက်မိုင်းတစ်လုံး တိုက်မိပေါက်ကွဲ =================
တနိုင်းမြို့နယ်ရှိ ရွှေမော်တွင် နောက်ထပ် ပြည်သူ (၂) ဦး KIA တိုက်မိုင်းတစ်လုံး တိုက်မိပေါက်ကွဲ
=======================================
15, July, 2015 By Voice Of Kachin
၂၀၁၅ ဇူ ၁၄ ရက်နေ့က တနိုင်းမြို့နယ်ရှိ အောင်ဘာမှော်အနီးတွင် ရွှေလုပ်သား (၂) ဦး မှာ KIA ထောင်ထားသော တိုက်မိုင်း(၁)လုံး တိုက်မိပေါက်ကွဲကာ ၀မ်းဗိုက်နှင့် အောက်ပိုင်းတွင် မိုင်းစများထိမှန်ခဲ့ကြောင်း သိရှိရပါသည်။
၎င်းလူနာ (၂) ဦးအား နယ်မြေစိုးမိုးရေး တာဝန်ထမ်းဆောင်နေသော နယ်မြေခံတပ်ရင်းမှ သွားရောက်ခေါ်ဆောင်ကာ တနိုင်းဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းနှင့် လိုအပ်သော အကူအညီ ထောက်ပံ့ငွေများကိုလည်း ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
တနိုင်းမြို့နယ်အတွင်း ၎င်းဖြစ်စဉ်အပါအ၀င် ယခုနှစ်စပိုင်းမှစ၍ ဒေသခံပြည်သူလူထု (၂၀) ဦးခန့်သည် KIA မိုင်းနင်းမိကာ ထိခိုက်ဒဏ်ရာများ အသီးသီး ရရှိခဲ့ကြကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရှိရပါသည်။
No comments:
Post a Comment