မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Thursday, July 9, 2015
KIA အာဏာရရှိရေး ဆက်လက်ရပ်တည်နိုင်ရေးအတွက် KBC ကိုအသုံးချနေ =========================================
KIA အာဏာရရှိရေး ဆက်လက်ရပ်တည်နိုင်ရေးအတွက် KBC ကိုအသုံးချနေ
=========================================
8, July, 2015 By Voice Of Kachin
KIA သည် ကချင်ပြည်နယ်အတွင်း အာဏာရရှိရေး ယိုင်နဲ့နေသော အဖွဲ့အစည်း ဆက်လက် ရပ်တည်နိုင်ရေးအတွက် ကချင်နှစ်ချင်းကရစ်ယာန်အဖွဲ့ချုပ် KBC ကို နောက်ကွယ်မှ ကြိုးကိုင်ကာ သင်းအုပ်ဆရာများ ဘာသာရေးဆရာများကို အသုံးချနေကြောင်း သိရှိရပါသည်။
KIA အနေဖြင့် အမြင်ကျယ်လာသော ကချင်ဒေသခံပြည်သူများမှ တဖြည်းဖြည်း ထောက်ခံမှု လျော့ကျလာသောကြောင့် သင်းအုပ်ဆရာများကို ဘာသာရေးမှတစ်ဆင့် နိုင်ငံရေးသို့ ပြောင်းလဲပြီး စည်းရုံးသိမ်းသွင်းခိုင်းနေကြောင်း သိရှိရပါသည်။
အလှမ်းဝေးသော ကျေးရွာများအား ၎င်းတို့ အသုံးချခံ သင်းအုပ်ဆရာများအား ပို့လွတ်၍ ဘာသာရေးအကြောင်းမဟုတ်ပဲ KIA အတွက် လူသစ်စည်းရုံးရေးကိုသာ အဓိကထား လုပ်ကိုင်စေခိုင်းနေကြောင်း သိရှိရပါသည်။
KIA မှ ကချင်နှစ်ချင်းခရစ်ယာန်အသင်းတော်အား လက်နက်နှင့်တစ်မျိုး၊ လူမျိုးရေးဖြင့် တစ်မျိုး အစွန်းရောက်ဝါဒများဖြင့် အတင်းအဓမ္မ စေခိုင်းမှုအပေါ် ဘာသာရေးဖြင့်သာ ပြည်သူတွေကို အကျိုးပြုချင်သော သင်းအုပ်ဆရာများမှ ကျေနပ်မှုမရှိကြောင်း သိရှိရသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment