Friday, July 10, 2015

E-Lite ယာဉ်လိုင်း ယာယီပိတ်သိမ်းပြီးနောက် Terminal ဆီဆိုင်များနှင့် Red Link ကုမ္ပဏီအပါအ၀င် နောက်ထပ် အများအပြား ပိတ်သိမ်းမည့် သတင်းများထွက်ပေါ်

E-Lite ယာဉ်လိုင်း ယာယီပိတ်သိမ်းပြီးနောက် Terminal ဆီဆိုင်များနှင့် Red Link ကုမ္ပဏီအပါအ၀င် နောက်ထပ် အများအပြား ပိတ်သိမ်းမည့် သတင်းများထွက်ပေါ် နေပြည်တော်-ရန်ကုန် ပြေးဆွဲလျက်ရှိသော E-Lite ယာဉ်လိုင်းပိတ်သိမ်းပြီးနောက် Terminal ဆီဆိုင်များနှင့် Red Link ကုမ္ပဏီ အပါအ၀င်း နောက်ထပ်လုပ်ငန်းအများအပြား ပိတ်သိမ်းမည့် သတင်းများ ထွက်ပေါ် နေကြောင်း သတင်းထောက်များထံမှာ သိရှိရသည်။ “ပထမဆုံး မန္တလေး-ပြင်ဦးလွင် E-Lite ယာဉ်လိုင်း ပိတ်သိမ်းတယ်။ သိပ်မကြာဘူး နေပြည်တော်-ရန်ကုန် ယာဉ်လိုင်းပိတ်သိမ်းတယ်။ ဒီတော့ ဦးရွှေမန်းရဲ့ သားတွေ မွေးထားတဲ့ သတင်းထောက်တွေကတစ်ဆင့် ပိတ်သိမ်းတဲ့သတင်းတွေ ဖြန့်တယ်။ သတင်းဌာနတွေမှာ မွေးထားတဲ့ သတင်းထောက်တွေက သတင်းတွေ တင်လာကြတယ်။ သတင်းထောက်တွေထဲကနေ E-Lite ထက် ကြီးတဲ့ လိမ်ညာထားတဲ့ ကိစ္စတွေ လုပ်သင့်တယ် ဆိုပြီး ဆွေးနွေးကြတာ ရှိတယ်။ ဒီသတင်းကို ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ဘဏ္ဍာရေးဝန်ကြီး ဌာနက လူတွေဆီ ရောက်သွားတယ်။ ဆီဆိုင်တွေဆိုရင် ဆီဝင်စစ်လိုက်တာနဲ့ကို အရေးယူလို့ ရပြီ။ စစ်ဆေးရေးအဖွဲ့တွေကို တင်းတင်းကျပ်ကျပ်ကိုင်လိုက်ရင် Terminal ဆီဆိုင်တွေ ပိတ်ဖို့သာ ပြင်ပေတော့။ ဒီဆီဆိုင်တွေကနေ ရောင်းတဲ့ ဆီတွေကို အကောက်ခွန်မဖြတ်ဘဲ သင်္ဘောတွေနဲ့ သယ်၊ အရောဆီတွေထည့်ပြီး ရောင်းနေတာတွေ ရှိတယ်။ ဒါတွေကို တစ်ကယ်ကိုင်တွယ်ရင်တော့ Terminal ဆီဆိုင်တွေ တစ်ဆိုင်မှ မလွတ်ဘူး” ဟု ပြည်ထဲရေးဝန်ကြီးဌာနမှ အရာရှိတစ်ဦးက ပြောသည်။ “သူတို့အခွန်ဆောင်ပါတယ် ဆိုတာက စာရင်းစစ်နဲ့ ပေါင်းပြီး စာရင်းလိမ်ပြထားတာတွေ အများကြီးရှိပါတယ်။ လူကြီး သားသမီးမို့လို့ တချို့ကိစ္စတွေ မသိချင်ယောင် ဆောင်ပေးလိုက်တာပါ။ အခုတော့ အခွန်ရှောင်တိမ်းမှုနဲ့ အရေးယူဖို့ ပြင်ရတော့မယ်။ နောက် နာမည်ခွဲတွေ၊ အခြားလူနာမည်တွေနဲ့ လုပ်ငန်းတွေ လွှဲထားတဲ့ကိစ္စတွေက လည်း အများကြီးရှိနေတယ်။ ဒါတွေက ဥပဒေအရ အရေးယူလို့ ရပါတယ်။ ရေကူးအသံလွှင့်ရုံကိစ္စမှာ ပါတဲ့ Global Net ဆိုတာ ဦးရွှေမန်းရဲ့ သားသမီးတွေ ပိုင်ဆိုင်တဲ့ ကုမ္ပဏီပါပဲ။ ဒီကုမ္ပဏီက လျှောက်လို့ မရနိုင်အောင် ပြန်ကြားရေးက လုပ်ထားတော့ လွှတ်တော်ကို သုံးပြီး တားလိုက်တာပဲ။ ဒီမိသားစုနဲ့ ဦးခင်ရွှေမိသားစုဘက်မှာ ဥပဒေအတိုင်း ကိုင်ရင် လွတ်ဖို့ လမ်းမရှိတော့ပါဘူး” ဟု ပြည်ထဲရေးဝန်ကြီးဌာနနှင့် နီးစပ်သူတစ်ဦးက ပြောဆိုသည်။ “ဧရာရွှေဝါ ဆိုရင် လုပ်ငန်းခွဲတွေ အများကြီး ရှိပါတယ်။ ဆက်သွယ်ရေးမှာလည်း ဟွာဝေးနဲ့ ပေါင်းပြီး ပရောဂျက်တွေ ယူထားတာ အများကြီး ရှိနေတယ်။ ရတနာပုံမှာ ငွေမသွင်းဘဲ ရှယ်ယာတွေ ယူထား၊ နောက်ပိုင်းမှ ငွေသွင်းတာတွေလည်း ရှိတယ်။ ချယ်ရီ FM ဆိုရင်လည်း ရိုင်းရိုင်းစိုင်းစိုင်းတွေ လွှင့်တယ်။ ဒီရေဒီယိုလိုင်းဆိုလည်း ပြန်ကြားရေးက ပိတ်ပစ်တော့မယ် ကြားတယ်။ တရုတ်နဲ့ပေါင်းပြီး လုပ်ထားတဲ့ ပရောဂျက်တွေ အများကြီး ရှိတယ်။ လမ်းဖောက်၊ အဆောက်အဦဆောက်တာကအစ သူတို့ မိသားစု လုပ်ငန်းတွေချည်းပဲ။ တကယ် အရေးယူမယ် ဆိုရင် နာမည်ပျက်ရုံတင်မကဘူး အကုန်ဒေ၀ါလီခံသွားရ နိုင်တယ်။ ဒီ E-Lite က အစပဲ ရှိသေးတယ် လို့ပဲ ထင်တယ်။ နောက်ထပ် အများကြီး လာနိုင်တယ်။ မစို့မပို့တော့ မလုပ်လောက်ဘူး ထင်တာပဲ” ဟု ဦးရွှေမန်း၏ သားများနှင့် ရင်းနှီးသူ လူငယ်လုပ်ငန်းရှင် တစ်ဦးက ပြောသည်။ ဦးရွှေမန်းမိသားစု၊ ဦးခင်ရွှေမိသားစု ပိုင်ဆိုင်သော လုပ်ငန်းများမှာ မျိုးစုံ ရှိနေသဖြင့် ထိုလုပ်ငန်းများ ကမောက် ကမဖြစ်မည် ဆိုပါက သိသာနိုင်ကြောင်း၊ ဦးခင်ရွှေမိသားစု အခွန်ရှောင်ထားသမျှ ပြန်ဖော်ပြီး အရေးယူခြင်းများ ဖြစ်လာနိုင်ကြောင်း၊ မကြာခင် မြန်မာနိုင်ငံစီးပွားရေးတွင် အဓိက အရေးပါသော ဦးအောင်သက်မန်းကို ဖမ်းဆီး ရန် ကြိုးပမ်းလာနိုင်ကြောင်း၊ ထိုသို့ ပိုင်ဆိုင်သမျှ လုပ်ငန်းပေါင်းစုံကို ဖမ်းဆီးအရေးယူလျှင်ပင် လုပ်ငန်းအရေအတွက် များပြားလှသဖြင့် ထောင်ဒဏ်များစွာ ချမှတ်နိုင်မည် ဖြစ်ကြောင်း သိရှိရသည်။ မြန်မာနိုင်ငံ၏ အချမ်းသာဆုံး ထိပ်တန်းစာရင်းဝင် ဦးရွှေမန်း၏ မိသားစု၊ ခမည်းခမက်ဖြစ်သော ဦးခင်ရွှေ မိသားစု စသည်တို့မှာ လတ်တလောကာလတွင် သက်ဆိုင်ရာ ဥပဒေများနှင့် ချိတ်ဆက်၍ အရေးယူလျှင် ရနေပြီ ဖြစ်ပြီး၊ အရေးယူခံရ၍ ဒေ၀ါလီ ခံရလျှင် ဦးရွှေမန်းအတွက် ကြီးမားလှသည့် ထိုးနှက်ကြီး ဖြစ်လာနိုင်ကြောင်း သုံးသပ်လျက် ရှိကြသည်

No comments:

Post a Comment