Monday, July 20, 2015

မိုးထစ်ချုန်းရွာမည် ==============

မိုးထစ်ချုန်းရွာမည် ============== နေပြည်တော် ဇူလိုင် ၁၉ ယနေ့မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန သတင်းထုတ်ပြန်ချက်အရ ကချင်ပြည်နယ်၊ ကယားပြည် နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး(အောက်ပိုင်း)နှင့် မန္တလေး တိုင်းဒေသကြီးတို့တွင် နေရာစိပ်စိပ် မိုးထစ်ချုန်းရွာမည်။ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး (အထက်ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီးတို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမည် ဖြစ်ပြီး မကွေးတိုင်းဒေသကြီးတွင်မူ နေရာကျဲကျဲ မိုး ထစ်ချုန်းရွာမည် ဖြစ်သည်။ ရှမ်းပြည်နယ် တောင်ပိုင်း၊ မြောက်ပိုင်းနှင့် အရှေ့ပိုင်း တို့တွင် နေရာစိပ်စိပ်မိုးထစ်ချုန်းရွာပြီး နေရာကွက်၍ မိုးကြီးနိုင်သည်။ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး နေရာကွက်၍ မိုးကြီးနိုင်သောဒေသများမှာ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့ ဖြစ် ကြောင်း သိရသည်။ (မြန်မာ့အလင်း)

No comments:

Post a Comment