မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Saturday, July 18, 2015
ဆွမ်ပရာဘွမ်တွင် တိုက်ပွဲပြင်းထန်ဆဲဖြစ်၍ ဒုက္ခသည် တစ်ထောင်ကျော်တောထဲတွင် ပိတ်မိနေ
ဆွမ်ပရာဘွမ်တွင် တိုက်ပွဲပြင်းထန်ဆဲဖြစ်၍ ဒုက္ခသည် တစ်ထောင်ကျော်တောထဲတွင် ပိတ်မိနေ
ဇူလှိုင်လ ၁၈ ရက်၊ ၂၀၁၅
ဆွမ်ပရာဘွမ်မြို့ နယ်တွင် တိုက်ပွဲဆက်လက်ပြင်း ထန်နေသဖြင့်တောတွင်းသို့ ထွက် ပြေးတိမ်းရှောင်သွားသည့် စစ် ဘေးဒုက္ခသည်တစ်ထောင်အ တွက် စိုးရိမ်မကင်းဖြစ်မိကြောင်း ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့မှ ပြောကြားသည်။
ကချင်နှစ်ခြင်းခရစ်ယာန်အ ဖွဲ့ချုပ်က ဇူလိုင် ၁၈ရက်တွင် ယင်းဒုက္ခသည်များအား အကူအညီပေးနိုင်ရေး ရေလမ်းခရီးဖြင့် သွားရောက်ရန် ၀န်ကြီးချုပ်ထံ စာတင်ခဲ့သော်လည်း ၀န်ကြီးချုပ်က မြောက်ပိုင်းတိုင်း တိုင်းမှူးထံသို့ ပြန်လည်လွှဲအပ်ခဲ့သည်။ မြောက် ပိုင်းတိုင်းစစ်ဌာနချုပ်သို့ သွား ရောက်တွေ့ဆုံခဲ့သော်လည်း ယင်းဒေသသို့ သွားရောက်ခွင့်မရခဲ့ကြောင်း ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ်မှ အမျိုးသမီးဌာနတာဝန်ခံ ဆရာမဂျာအိန်က ဆိုသည်။
‘‘ရေလမ်းသွားမယ်ဆိုရင် မ သွားခိုင်းဘူး။ လုံခြုံရေးမရှိဘူး။ တပ်ဘက်က ဘာမှမလုပ်ရင် လည်း ကေအိုင်အေဘက်က ပစ် နိုင်တယ်လို့ပြောတယ်။ ဒါကြောင့် ကုန်းလမ်းက သွားပါလို့ပြော တယ်’’ဟု ဆရာမဂျာအိန်ကပြော သည်။
ကုန်းလမ်းမှ သွားမည်ဆိုပါက လမ်းခရီးအလွန်ဆိုးသည့်အတွက် မြစ်ကြီးနားမှ ဆွမ်ပရာဘွမ်ထိရောက်အောင် အနည်းဆုံး ရက် ၂၀ခန့်ကြာမည်ဖြစ်သည်။
ဒုက္ခသည်များသည်တောအ တွင်းထွက်ပြေးတိမ်းရှောင်နေရ ကာ တောထဲတွင် ဖြစ်သလို တဲ ထိုးပြီးနေကြရကြောင်း ကချင်နှစ် ခြင်းခရစ်ယာန်အဖွဲ့မှသိရသည်။ အဆိုပါဒုက္ခသည်များတွင် ကျောင်းသုံးကျောင်းမှ ကျောင်းသားများပါဝင်နေကြောင်းသိရသည်။
‘‘ဒုက္ခသည်တွေ တော်တော် ခက်နေတယ်လို့ ကြားတယ်။ ဖျား နာသူလည်း များတယ်တဲ့။ ဆေး ၀ါး၊ အစားအသောက်၊ အ၀တ်အ စား၊ မိုးကာတို့ အဓိကလိုအပ် တယ်လို့ ပြောတယ်’’ဟု ကချင်နှစ် ခြင်းခရစ်ယာန်အဖွဲ့ချုပ်ကပြော သည်။
၂၀၁၂နောက်ပိုင်းတိုက်ပွဲ လုံးဝဖြစ်ပွားခြင်းမရှိခဲ့သည့် ဆွမ် ပရာဘွမ်မှ ၈မိုင်ခန့်သွားရသည့် မလိယန်ကျေးရွာအနီးတွင် အစိုး ရနှင့် ကေအိုင်အေတို့ကြားဇွန်လ ၂၄ရက်မှစတင်ပြီး တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်။
7 Day
No comments:
Post a Comment