မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Friday, July 10, 2015
ဂိုရှယ်လေးရဲ့ကြက်ဆူပင်နဲ့ ဆည်တွေအကြောင်း*** ***
ဂိုရှယ်လေးရဲ့ကြက်ဆူပင်နဲ့
ဆည်တွေအကြောင်း***
***
ကြက်ဆူပင် စိုက်ပျိုးရေး စီမံကိန်းအား ခရိုနီကြီးတေဇ နှင့် ယခု အများခေါ်နေကြသော ဗကပ အောင်သောင်း တို့ က စလိုက်ကြသည်။
အကြောင်းမှာ ၂၀၀၄ ခုနှစ်
အမေရိကန် ဒီမိုကရရေစီထွန်းကားရေးဟုဆိုသော သမ္မတ ဘုရှ်၏ ခေါင်းစဉ်အောက်တွင် စတင်လာသောကြောင့် ဖြစ်သည်။
၂၀၀၁ ခုနှစ်စပြီး ၀င်လာမစဲတသဲသဲဖြစ်နေသော
ရတနာ နှင့် ရဲတခွန် ဂစ်ပိုက်လိုင်းများမှ အကြီးကျယ်ရရှိသော ဘီလီများအား စင်္ကာပူတွင်ရှိသော
DBS Group Holdings and
Oversea-Chinese Banking
Corp
(OCBC အလုံးအရင်းဖြင့် အပ်နှံထားခဲ့ကြရာမှ ငွေအင်အား အတော်ပင်ကြီးမားလာပြီး
စိတ်မချမှုများဖြစ်လာသောအခါ
လူယုံတော် တေဇ၏ စင်္ကာပူအခြေစိုက် စီးပွားရေး အုပ်စုမှ
တောင်အမေရိက
အာဂျင်တီးနားတွင်
အခြေစိုက်သော နိုင်ငံတကာ
အပမ်းဖြေ အပျော်စီးသဘောင်္
ကုမ္မဏီ ၂ခုအားသွားရောက်တွေ့ဆုံပြီး
အစုရှယ်ယာ များဝယ်ယူပြီး ကြီးမား
သော ရင်းနှီးမြုပ်နှံမှုလုပ်ကိုင်ကြရန်
သွားရောက်ခဲ့ကြပြီး တောင်အမေရိ
က တိုက်နိုင်ငံ တချို့သို့ ရောက်ရှိခဲ့ကြပြီး ကြက်ဆူပင် ဇာတ်လမ်းပါလာခဲ့ကြသည်။
အပျော်စီး သဘောင်္လုပ်ငန်းက သိပ်စိတ်မချရလို့ဆိုပြီး တောင်အမေရိကားက
ကြက်ဆူပင်ကနေ ဒီဇယ်တွေ လောင်စာတွေထုတ်ဖို့ လေ့လာ
လိုက်ခဲ့ကြပြီး ဗိုလ် သန်းရွှေကို သံတော်ဦးတင်ကြပါသသည်။
ဦးအောင်သောင်းက
သက်တော်ရှည် အမတ်ကြီးလိုလုပ်ပြီး
ယာတြာနဲ့ပါထောက်ပြလို့
ဗိုလ်သန်းရွှေတို့ ကြက်ဆူစီမံကိန်းအား လှည်နေလှေအောက် မြင်စောင်းမကျန် စိုက်ဖို့ စီမံကိန်းချလိုက်ကြတာ
အမေရိကန်ဒေါ်လာ သန်း ၆၀၀
လောက်ကို တရုတ်က နေ ချေးပြီး လုပ်ကြပါသတဲ့
နောက်ဆုံးတော့ တတိုင်းပြည်လုံး သွက်သွက်ခါ ခွက်ခွက်လန်ရှုံးသွားတာ
ကိုလဲဘယ်သူကိုမှ မပြောတော့ပဲ ကိုယ့်အမှီးကိုယ်ဝှက်ပြီး ထွက်သွားတဲ့ ခွေးကလေးတကောင်နဲ့ တူသတဲ့
အကြောင်းနဲ့ တတိုင်းပြည်လုံး
ခလေးလူကြီး မကျန် လုပ်အားနှင့်
အချိန် လယ်ယာ ကောက်ပဲသီးနှံ အားလုံးဆုံးရှုံးရပြီး ၀မ်းနည်းပက်လက်
ပါပဲ။
မြန်မာ တိုင်းမ်က ပေါ်ပေါ်တင်ပဲ အဲဒီအကြောင်းကို ဖွင့်ချခဲ့ပါတယ်
ဒါနဲ့ပဲ တရုတ်က အကြွေး အမေ၇ိကန်ဒေါ်လာ သန်း ၆၀၀ ကို လျော်ပေးမယ်ပြောပြီး မြန်မာပြည်အနှံ
ဒီဇယ် မသုံးရပဲ သဘာဝ ရေအားလျပ်စစ် ဆည်ကြီးတွေ ဆောက်ဖို့ မြူခေါ်ပြောဆိုရာနောက်ကို
မြန်မာ စစ်အစိုးရ တစုံလုံး ကောက်ကောက်ပါ လိုက်သွားကြပါတော့တယ်။
အချို စီမံကိန်းတွေကတော့
အရင်ထဲကကို ဘယ်သမှမသိအောင် လုပ်ထားတာတွေပါရှိပါတယ်။
အခု အဲဒီဆယ်ကြီးတွေကို အားလုံးမြင်အောင် စာရေးသူ
ဖေါ်ကောင် လုပ်ပေးပါရစေ
(၁)
ဧရာဝတီ မေခ၊ မလိက ဆည်ကြီး၏ ရှင်းတမ်း အနှစ်ချုပ်
(၃.၆ ဘီလီယံ အမေရိကန်ဒေါ်လာ)
(၂)
ထမ္မသီ ဆည်ကြီးတည်ဆောက်မှု အနှစ်ချုပ် ရှင်းတမ်း
(၃ (၃.၆ ဘီလီယံ အမေရိကန်ဒေါ်လာ)
(၃)
ရဲရွာ ဆည်တည်ဆောက်မှု အနှစ်ချုပ် ရှင်းတမ်း
(သန်းပေါင်း ၇၀၀ အမေရိကန်ဒေါ်လာ)
(၄)
ရွာသစ်ဆည် တည်ဆောက်မှု အနှစ်ချုပ်ရှင်းတမ်း
(သန်း ၆၀၀ အမေရိကန်ဒေါ်လာ)
(၅)
ဟတ်ကြီးဆည် တည်ဆောက်မှု ရှင်းတမ်း
(၁ဘီလီယံ အမေရိကန်ဒေါ်လာ)
(၆)
အထက် သံလွင် ဆည် (ကွန်လုံ) ရှင်းတမ်း
( ၂.၅ ဘီလီယံ .
(ရ)
ဝဲကြီး ဆည် တည်ဆောက်မှု
ရှင်းတမ်း
(၃ ဘီလီယံ အမေရိကန်ဒေါ်လာ)
(၈)
တဆောင်ဆည် တည်ဆောက်မှု
ရှင်းတမ်း
(၆ ဘီလီယံ အမေရိကန်ဒေါ်လာ)
(၉)
အထက်အောက် ပလောင်ဆည်
ရှင်းတမ်း
(သန်း ၇၅၀ အမေရိကန်ဒေါ်လာ)
(၁၀)
ဒီပယင်း ဆည်တည်ဆောက်ထားမှု ရှင်းတမ်း
(သန်း ၁၀၈ အမေရိကန်ဒေါ်လာ)
(၁၁)
ဒေါင်းဂွင်း ဆည် တည်ဆောက်ထားမှု ရှင်းတမ်း
(သန်း ၉၀၀ အမေရိကန်ဒေါ်လာ)
အထက်ပါ ဆည်များတည်ဆောက်မှု အားလုံးအတွက် နိုင်ငံတော်အားကိုယ်စားမပြုသော ယခင်စစ်အစိုး၇မှ လက်မှတ်ထိုးဆောင်ရွက်ထားပြီး ရရှိလာမည့် အကျိုးမြတ်များအား
၎င်းတို့သာ ခံစားစံစာနိုင်အောင် ချုပ်ဆိုထားသော စာချုပ်များကိုပါ ဆက်လက်တင်ပြပေးပါမည်။
ယခု တည်ဆောက်ထားမှုများ
အတွက် တ၇ုတ်တခုတည်းနှင့်သာ
၉၀ ရာနုံန်းကျော် လုပ်ကိုင်ဆောင်ရွက်ထားပြီး
တရုတ်ပြည်မှ ၂၆ ဘီလီယံ အမေရိကန် ဒေါ်လာနှင် အန္ဒိယ မှ ၇ ဘီလီယံ
ဒေါ်လာတို့ ဆက်လက် ချေးယူထား
သည်ကို ဖုံးကွယ်ထားသည်ဟုသိရသည်။
ကျေးဇူးတင်ပါသည်။
ဂိုလ်ရှယ်လေး
ကြိုက်သလောက် ရှယ်နိုင်ကြပါတယ် ၊ အချက်လက် အမှန်များဖြစ်ပါသည်။
No comments:
Post a Comment