မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Thursday, July 9, 2015
မြန်မာစစ်တပ်မှ တအာင်းဒေသအတွင်း လူအများသွားလာလှုပ်ရှားသည့် နေရာအနှံ့ လက်နက်ကြီးများဖြင့် ပစ်ခတ်

၂၀၁၅ ခုနှစ် ဇူလိုင်လ ၈ ရက်
မြန်မာစစ်တပ်နှင့် တအာင်းဒေသ အတွင်းတွင် ထိတွေ့ တိုက်ပွဲဖြစ်ပွားမှု မရှိသော်လည်း
နမ္မတူမြို့ ခမရ (၃၂၄) တပ်မှ
ယနေ့ ဇူလိုင်လ ၈ ရက်နေ့ မနက် ၀၉း၀၀ နာရီတွင် ၄င်းတပ်ရင်းစခန်းမှ နေ၍ လက်နက်ကြီး ၁၀ ကြိမ်နှင့် လက်နက်ငယ် များဖြင့်လည်းကောင်း၊
ည ၂၀း၃၀ မှ ၂၁း၀၀ နာရီအထိ ခလရ(၁၃၀)တပ်မှ မန်တုံမြို့တွင် ၄င်းတပ်ရင်းစခန်းမှ နေ၍ လက်နက်ကြီး ၇ ကြိမ်နှင့် လက်နက်ငယ် များဖြင့်လည်းကောင်း၊
ည ၁၇း၃၀ မှ ၁၈း၀၀ နာရီအထိ နမ့်ခမ်းမြို့နယ် မန်စန့်ကျေးရွာမှနေပြီး လက်နက်ကြီး ၅ ကြိမ်နှင့် လက်နက်ငယ် များဖြင့်လည်းကောင်း ကျေးရွာဝန်းကျင်နှင့် လူအများ အလုပ်လုပ်ကိုင်သည့် နေရာဒေသ အနှံ့သို့ ရန်သူမရှိဘဲ ရမ်းသမ်းပစ်ခတ် ခဲ့သည်။
မြန်မာစစ်တပ်၏ပစ်ခတ်မှုကြောင့် လူထုထိခိုက်မှုရှိမရှိ မသိရှိရသေးပါ။
ယခုကဲ့သို့ ရမ်းသန်း ပစ်ခတ်မှုကြောင့် လူထုများ အထိတ်တလန့်ဖြစ်စေပြီး လုပ်ငန်းခွင်အတွင်း မသွားရဲ မလာရဲ ဖြစ်နေသည်။
တအာင်းတပ်မတော် ဖက်မှ တိုက်ပွဲကြောင့် လူထု၏ အသက်အိုးအိမ် မထိခိုက်စေရန် အတွက်လည်းကောင်း၊ ပြည်သူများ စစ်ဘေးရှောင်နေရသည့် ဘ၀မှ လွတ်မြောက်စေရန် အတွက်လည်းကောင်း၊ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးသဘောတူစာချုပ် ချုပ်ဆိုခြင်း၊ နိုင်ငံရေးမူဘောင် ညှိနှိုင်းရေးဆွဲခြင်း၊ နိုင်ငံရေး ဆွေးနွေးပွဲများ စတင်ခြင်း အစရှိသည့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ ပိုမိုမြန်ဆန်စွာ ဆောင်ရွက်နိုင်ရန်အတွက် မိမိကိုယ်ကို ခုခံကာကွယ်မှုများမှအပ နှစ်ဖက်ထိတွေ့တိုက်ခိုက်မှုများကို လျော့ချသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ ထားသော်လည်း မြန်မာစစ်တပ်ဖက်မှ ပြည်သူများ အထတ်တလန့် ဖြစ်စေသည့် လုပ်ရပ်များပြုလုပ်ခြင်း၊ မိမိတပ်ဖွဲ့အား မလိုရန်စမှုလုပ်ရပ်များ ပြုမူဆောင်ရွက် လျက်ရှိရာ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ကိုပိုမိုေ၀၀ါးစေနိုင်ပါသည်။
သတင်းနှင့် ပြန်ကြားရေးဌာန
PSLF/TNLA မြန်မာစစ်တပ်မှ တအာင်းဒေသအတွင်း လူအများသွားလာလှုပ်ရှားသည့် နေရာအနှံ့ လက်နက်ကြီးများဖြင့် ပစ်ခတ်

PSLF/TNLA
No comments:
Post a Comment