မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Tuesday, July 21, 2015
ဖားကန့်ဒေသတွင် မြေစာပုံပြိုကျ၍ ရေမဆေးကျောက်ရှာဖွေသူ သုံးဦးသေဆုံး
ဖားကန့်ဒေသတွင် မြေစာပုံပြိုကျ၍ ရေမဆေးကျောက်ရှာဖွေသူ သုံးဦးသေဆုံး
ဇူလှိုင်လ ၂၁ ရက်၊ ၂၀၁၅
ဖားကန့်မြို့ရှိ ကျောက်စိမ်းကုမ္ပဏီတစ်ခုတွင် မြေစာပုံပြိုကျခဲ့သဖြင့် ရေမဆေးကျောက်ရှာဖွေသူ သုံးဦးသေဆုံးကာ ရာသီဥတုအခြေအနေ ဆိုးရွားနေ၍ ရှာဖွေရေးလုပ်ငန်းများ မလုပ်နိုင်သေးကြောင်း ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
ဇူလိုင် ၁၉ ရက် နေ့လယ်က ဖားကန့်မြို့ ဆိပ်မူအုပ်စု ကောင်း စံကျေးရွာအရှေ့ဘက်ရှိ တစ်သုံး လုံး ကျောက်မျက်ကုမ္ပဏီ လုပ် ကွက်ဧရိယာအနီး အမြင့်ပေတစ် ရာခန့်ရှိသော စွန့်ပစ်မြေစာပုံ ပြို ကျခြင်းဖြစ်သည်ဟု ဖားကန့်မြို့မ ရဲစခန်းမှူးကပြောသည်။
မြေစာပုံဘေးတွင်ရေမဆေး ကျောက် ရှာဖွေနေသူ အမျိုးသား သုံးဦး မြေစာပိသေဆုံးသွားပြီး မြေစာပုံ ထပ်မံပြိုကျဖွယ်ရှိသည့် အခြေအနေကြောင့် ရှာဖွေရေး လုပ်ငန်းများ မလုပ်ဆောင်နိုင် သေးကြောင်း ရဲတပ်ဖွဲ့နှင့် ဒေသ တွင်း လူမှုရေးအဖွဲ့အစည်းများက ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်ဒုတိယပတ်က ဆိပ်မူရပ်ကွက်ရှိ ကျောက်စိမ်းကုမ္ပဏီတစ်ခု တောင်နံရံပြိုကျ ကာ အမျိုးသားသုံးဦး သေဆုံးခဲ့ ပြီး ရာသီဥတုအခြေအနေကြောင့် ရှာဖွေနိုင်ခြင်းမရှိခဲ့ဘဲ ယခုအခါ မြေစာပုံပြိုကျကာ လူသုံးဦးထပ်မံ သေဆုံးခဲ့ခြင်းဖြစ်သည်။
ဖားကန့်ဒေသတွင် မြေစာပုံ မကြာခဏပြိုကျကာ လူသေဆုံး မှုများ ဖြစ်ပေါ်နေသောကြောင့် ရာသီဥတုဆိုးရွားပါက ရေမဆေး ကျောက် ရှာဖွေခြင်းမပြုလုပ်ရန် အသံချဲ့စက်ဖြင့် သတိပေးထားသည်ဟု ဖားကန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ သတင်း ရရှိသည်။
7 Day
No comments:
Post a Comment