မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Thursday, July 23, 2015
တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့ မိုးကြီးနိုင် ==============================
တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့ မိုးကြီးနိုင်
==============================
နေပြည်တော် ဇူလိုင် ၂၂
ယနေ့မိုးလေဝသနှင့် ဇလ ဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ ထုတ် ပြန်ချက်အရ ကချင်ပြည်နယ်၊ မွန် ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာ ဝတီတိုင်းဒေသကြီးတို့တွင် နေရာ အနှံ့အပြား မိုးထစ်ချုန်းရွာပြီး နေရာကွက်၍ မိုးကြီးနိုင်သည်။
ရခိုင်ပြည်နယ်တွင် နေရာအနှံ့ အပြား မိုးထစ်ချုန်းရွာပြီး ဒေသ အလိုက် မိုးကြီးနိုင်သည်။
ကယားပြည်နယ်၊ ရှမ်းပြည် နယ်တောင်ပိုင်း၊ မြောက်ပိုင်းနှင့် အရှေ့ပိုင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ တနင်္သာရီတိုင်းဒေသ ကြီး၊ မန္တလေးတိုင်းဒေသကြီးတို့ တွင် နေရာစိပ်စိပ် မိုးထစ်ချုန်းရွာ မည်ဖြစ်သည်။
ကချင်ပြည်နယ်နှင့် ချင်းပြည် နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ပြီး မကွေးတိုင်း ဒေသကြီးတွင် နေရာကျဲကျဲသာ မိုးထစ်ချုန်းရွာမည် ဖြစ်ကြောင်း သိရသည်။ (မြန်မာ့အလင်း)
No comments:
Post a Comment