မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Friday, July 31, 2015
တောင်သူလယ်သမားများသို့ မိုးလေ၀သအန္တရာယ်ဆိုင်ရာ သတိပေးနှိုင်းဆော်ချက် =======================================
တောင်သူလယ်သမားများသို့ မိုးလေ၀သအန္တရာယ်ဆိုင်ရာ သတိပေးနှိုင်းဆော်ချက်
=======================================
၁။ ယခု ဇူလိုင်လပထမပတ်မှစ၍ စစ်ကိုင်းတိုင်းဒေသကြီးအပါအဝင် မြန်မာနိုင်ငံအထက်ပိုင်း အချို့ဒေသများတွင် မိုးသည်းထန်စွာရွာသွန်းခြင်း၊ အချို့ဆည်တာတမံများတွင် ရေကြီးရေလျှံခြင်းများဖြစ်ပေါ်ပြီး တောင်သူ လယ်သမားများ ပင်ပင်ပန်းပန်းစိုက်ပျိုးထားရှိသော လယ်မြေများ ရေနစ် မြုပ်ခြင်း၊ ပျက်စီးခြင်းများ ဖြစ်ပေါ်ခံစားနေရသည်ကို အချိန်မီကြိုတင် ပြင်ဆင်ဆောင်ရွက်ရန် လိုအပ်လျက်ရှိပါသည်။
၂။ မြန်မာနိုင်ငံအထက်ပိုင်း အချို့ဒေသများတွင် မိုးသည်းထန်စွာရွာသွန်း မှုကြောင့် ရေကြီးနစ်မြုပ်မှုများ ဖြစ်ပေါ်နေသကဲ့သို့ မြန်မာနိုင်ငံအောက်ပိုင်း ဒေသများတွင်လည်း ဒေသအလိုက် ရေကြီးနစ်မြုပ်မှုများ ဖြစ်ပေါ်လာ နိုင်ကြောင်းကို မျှော်မှန်းရပါ၍ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရန် သတိပေးနှိုးဆော်အပ်ပါသည်။
၃။ သို့ဖြစ်၍ နိုင်ငံနှင့်အဝန်းရှိ တောင်သူလယ်သမားများ ရာသီဥတု ကြောင့် ပျက်စီးဆုံးရှုံးမှုများမရှိစေရန် ကြိုတင်ကာကွယ်ခြင်း၊ ရေကြီးနစ်မြုပ် နေသည့် စိုက်ခင်းများအား အချိန်မီပြန်လည်စိုက်ပျိုးနိုင်ရန် သက်တမ်းတို အရန်မျိုးစပါးများ ပျိုးထောင်ခြင်း၊ အချိန်မီပြန်လည် စိုက်ပျိုးခြင်းလုပ်ငန်း များကို ဆောင်ရွက်သွားနိုင်ရန် တိုင်းဒေသကြီး/ပြည်နယ်များရှိ အဆင့်ဆင့် သော ဌာနဆိုင်ရာများနှင့် အဖွဲ့အစည်းများမှ ဝိုင်းဝန်းကူညီရိုင်းပင်း ဆောင်ရွက်ပေးကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန
No comments:
Post a Comment