မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Friday, July 10, 2015
တက္ကသိုလ် ၀င်ခွင့်အတွက် မိမိနှစ်သက်ရာ တက္ကသိုလ်များသို့ လျှောက်ထားခွင့်ပြု
No.790 Friday, July 10, 2015
ရန်ကုန်− လာမည့်တက္ကသိုလ် ၀င် ခွင့်အတွက် မိမိနှစ်သက်ရာ တက္က သိုလ်များသို့ လျှောက်ထားခွင့်ပြု လိုက်ပြီး နယ်မြေကန့်သတ်ချက် ကို ပယ်ဖျက်လိုက်ကြောင်း ပညာ ရေးဝန်ကြီးဌာနမှ ပါမောက္ခချုပ် တစ်ဦးက ပြောသည်။
ယခင်က မိမိနေထိုင်ရာ ပြည်နယ်၊ တိုင်းဒေသကြီး(သို့မ ဟုတ်) နယ်မြေများ ခွဲခြား၍ တက္ကသိုလ်ဝင်ခွင့်သတ်မှတ်ခဲ့ခြင်းဖြစ် ပြီး ယခုအခါကျောင်းသားများ အနေဖြင့် မိမိတက်ရောက်လို သော ဒေသရှိ တက္ကသိုလ်များတွင် ၀င်ခွင့်ရရှိရန် လျှောက်ထားနိုင် မည်ဖြစ်သည်။
‘‘အဓိကကတော့ နယ်က ကျောင်းသားတွေ အခွင့်အလမ်း ကောင်းသွားတာပေါ့။ ကျောင်း သားအများစုက ရန်ကုန်မှာ လာ တက်လိုကြတယ်လေ။ မန္တလေး က ကျောင်းသားကလည်း ရန်ကုန်က တက္ကသိုလ်တွေမှာ လျှောက် လို့ရတယ်။ အသက်မွေးဝမ်း ကျောင်းတက္ကသိုလ်ရော၊ ၀ိဇ္ဇာ သိပ္ပံတက္ကသိုလ်တွေရော နယ်မြေ သတ်မှတ်ချက်မရှိတော့ပါဘူး’’ ပညာရေးဝန်ကြီးဌာနရှိ ပါမောက္ခ ချုပ်တစ်ဦးက ပြောသည်။
တက္ကသိုလ်ဝင်ခွင့်အတွက် နယ်မြေကန့်သတ်ချက်ကို ပယ် ဖျက်လိုက်ခြင်းဖြစ်သော်လည်း အဆင့်မြင့်ပညာဦးစီးဌာနက ယ ခင်နှစ်များအတိုင်း တက္ကသိုလ်ဝင် ခွင့် စိစစ်ရွေးချယ်သော စနစ်ကို ဆက်လက်ကျင့်သုံးမည်ဖြစ် သည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment