Tuesday, July 28, 2015

ငါးမွေးကံများ တာကျိုးရေလျှံ၍ ငါးအများအပြား ဆုံးရှုံး ================================

ငါးမွေးကံများ တာကျိုးရေလျှံ၍ ငါးအများအပြား ဆုံးရှုံး ================================ ကန့်ဘလူ ဇူလိုင် ၂၇ မိုးသည်းထန်၍ ရေကြီးရေလျှံဖြစ်နေသော စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ရွာသစ်ကုန်း ပုဂ္ဂလိက ငါးမွေးမြူသူ ကိုးဦး၏ ငါးမွေး မြူရေးကန် ၃၂ ဒသမ ၅၂ ဧကသည် တာပေါင်များကျိုး၍ ငါးကန်ရေလျှံ မှုများဖြစ်ပွားရာ မွေးမြူထားသော ငါးအချို့ဆုံးရှုံးမှုများဖြစ်နေကြောင်း သိရသည်။ ထို့ပြင် ကန့်ဘလူမြို့နယ် ခတ်သင့်ငါးမွေးကန်တစ်ကန်နှင့် အမှတ် (၅) ရပ်ကွက်တွင် ငါးမွေးကန်တစ်ကန်တို့၏ စုစုပေါင်း ဧက ၃၉ ဒသမ ၃၁ ဧကနှင့် ကောလင်းမြို့နယ်ရှိ ပုဂ္ဂလိက ငါးမွေးမြူသူ ၃၃ ဦး၏ ၇၄ ဒသမ ၂၁ ဧကရှိ ငါးမွေးကန်များ၊ ဝန်းသိုမြို့နယ်ရှိ ပုဂ္ဂလိကငါးမွေးသူ သုံးဦး၏ ၃ ဒသမ ၃၆ ဧကရှိ ငါးမွေးကန်များ ရေကြီးနစ်မြုပ်ကာ ဒေသ တွင်းအားထားနေရသော ငါးမြစ်ချင်း၊ ငါးခုံးမကြီးနှင့်ငါးတန်များ ဆုံးရှုံး လျက်ရှိကြောင်း သိရသည်။ ထိုသို့ ဆုံးရှုံးမှုများရှိသောကြောင့် ယခုနှစ်မှ စတင်အကောင်အထည် ဖော်ဆောင်ရွက်ထားသော မြင်းမူမြို့နယ် သုတေသနငါးကန်သည် မိုးများ၍ ရေကြီးသည်ဟု သိရသဖြင့် တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးမှူးနှင့် အဖွဲ့၏ ကြိုတင်ပြင်ဆင်မှုကြောင့် သုတေသနအင်းအတွင်း ရေများဝင် ရောက်မှုများသော်လည်း ပျက်စီးမှု၊ ငါးများလေလွင့်ဆုံးရှုံးမှု တစ်စုံတစ်ရာ မရှိခဲ့ကြောင်း သိရသည်။ မျိုးဝင်းထွန်း(မုံရွာ)

No comments:

Post a Comment