Friday, July 10, 2015

ခေတ်နောက်ပြန် သွားကြကြေးဆို...မဟာ ပုဂံ ကိုပဲ ပြန်သွားချင်ပါတယ်.....ဘာကြောင့်လဲ ဆိုတော့ ပုဂံ ကို ရှင်အရဟံက ပိဋကတ်သုံးပုံ ပင့်ဆောင်ပြီး..သာသနာပြုမင်းဖြစ်တဲ့

ခေတ်နောက်ပြန် သွားကြကြေးဆို...မဟာ ပုဂံ ကိုပဲ ပြန်သွားချင်ပါတယ်.....ဘာကြောင့်လဲ ဆိုတော့ ပုဂံ ကို ရှင်အရဟံက ပိဋကတ်သုံးပုံ ပင့်ဆောင်ပြီး..သာသနာပြုမင်းဖြစ်တဲ့ ..မင်းမြတ် အနော်ရထာ ကို ကြည်ညိုလေးစားတယ်.....ကျန်စစ်သား၊ ငထွေရူး၊ ငလုံးလဖယ်၊ ညောင်ဦးဖီး သူရဲကောင်း တွေ ပေါ်ထွက် လာသလို...သူရဲကောင်း မှန်သမျှကိုလည်း သူကောင်းပြုခဲ့တယ်....မင်းကျင့်တရားနှင့်အညီ...တိုင်းပြည် အုပ်ချုပ် မင်းလုပ်ခဲ့ပြီး...ဗုဒ္ဓ သာသာနာတော် နေလိုလလို ထွန်းလင်းတောက်ပ ခဲ့တယ်... ကျန်စစ်သားမင်း...ကတော့ မင်းမြတ် အနော်ရထာ ဘုရင် ထားခဲ့သော သာသနာ့ အမွေကို ထိန်းသိမ်း ခဲ့ပြီး..တိုင်းသူပြည်သားများကို ရင်ဝယ်သားကဲ့သို့ အုပ်ချုပ် ခဲ့တယ်.. ... မင်းကောင်းမင်းမြတ် တစ်ပါးအားလျော်စွာ တိုင်းပြည် စည်ပင်ဝပြော သာယာခဲ့တယ်.ယဉ်ကျေးမှု အဆင့် မြင့်မားခဲ့ပြီး၊ မြန်မာ စာပေ၊ပုရပိုက်၊ကျောက်စာ ရေးထိုးမှု အလေ့အထတွေ ပေါ်လာတယ်......သမီးတော် ရွှေအိမ်စည် မင်းသမီးကို ပါးရှားက ကုလား ပဋိက္ခရား မင်းသားနဲ့ သဘောမတူ...အမျိုးကိုစောင့်ထိန်းခဲ့တဲ့.... အမျိုးသားရေး စံပြ ဘုရင် ဖြစ်တယ်.. .. ရင်သပ်ရှုမောဖွယ် ဒဏ္ဍာရီပုံပြင် ဆန်ဆန် ရာဇဝင် ထဲက သူရဲကောင်းတို့ နှလုံးသားနဲ့ အချစ် ဇာတ်လမ်း တွေက ကျွန်တော် ငယ်စဉ် ကလေးဘဝက ညအိပ်ရာဝင် ရာဇဝင် ထဲက ဒဏ္ဍာရီပုံပြင် ဖြစ်ခဲ့တယ်.... ဒါကြောင့် ကျွန်တော် ဒဏ္ဍာရီပုံပြင် မဟုတ်ခဲ့တဲ့...သမိုင်းထဲက...ရာဇဝင် ထဲက ပုဂံပြည် ကိုပဲ....ကိုရီးယား က ကောင်းမွန်တဲ့ ရိုက်ချက်များနှင့်အတူ......မျောပါသွားခဲ့ပါတယ်..... သခင် ခက်ထန် Note; <<မူရင်း တင်ပေးသူ ဘယ်သူဆိုတာ မသိတဲ့ အတွက် တင်ပေးသူကို အထူး ကျေးဇူးပါ.. .မျှဝေခြင်းဖြင့် မြန်မာဆိုတဲ့ ဂုဏ် ကို ဆောင်နိုင်ကြပါစေ>>

No comments: