အထက်အမိန့် အထက်အမိန့်ဆိုပြီး
ပြည်သူ့အခွင့်အရေး
ပြည်သူ့အသက်အိုးအိမ်စည်းစိမ်ကိုမျက်ကွယ်ပြု၊
လောကပါလ တရားကိုနားမလည်၊
မှန်မှန်မှားမှား အထက်ကခိုင်းသမျှ
ကောင်းကောင်းဆိုးဆိုးအကုန်လုပ်၊
ကျားကြောက်တဲ့ခွေး
ကျားနံ့ရတာနဲ့
ကြောက်ချေးကြောက်သေးပါပြီး
ဖင် တစ်ပိုင်းသေသွားသလိုမျိုး
မှားမှန်းသိလျက်နဲ့
မလုပ်ထိုက်မှန်းသိလျက်နဲ့
သူရဲဘောကြောင်
သတ္တိနဲ၊
ရာထူးမက်
အခွင့်အရေးမျှော်၊
အပေါ်ဖားအောက်ဖိ၊
ကြီးနိုင်ငယ်ညှဉ်း
တိရစ္ဆာန်စိတ်အသွင်းခံရတဲ့ဘ၀မှာ
နေသားတကျရှင်သန်နေတဲ့သတ္တ၀ါတွေကို
ပြည်သူ့သားကောင်းတွေလို့ခေါ်မှာလား
သူရဲဘောကြောင်သူတွေလို့ခေါ်မှာလား...။
No comments:
Post a Comment