Friday, August 29, 2014

ပေါက်တောသို့ ထွက်ပြေးလာသည့် ဘင်္ဂါလီ တစ်ရာကျော် တပ်မတော် (ရေ) မှဖမ်းဆီး


ရခိုင်ပြည်နယ်ပေါက် တောမြို့နယ်သို့ ထွက်ပြေးတိမ်းရှောင်လာသော ဘင်္ဂါလီလူမျိုးတစ်ရာကျော်ပါဝင်သည့် စက်လှေတစ်စီးကို မြန်မာ့တပ်မတော် (ရေ)က ဖမ်းဆီးရမိခဲ့ကြောင်းသတင်းရရှိသည်။ မြေပုံမြို့နယ်မှ ဘင်္ဂါလီ တစ်ရာကျော်ပါဝင်သည့် စက်လှေတစ်စီးသည် သြဂုတ် ၂၇ ရက်က ပေါက်တောမြို့ နယ် အတွင်းသို့ တိမ်းရှောင်လာခြင်းဖြစ်ပြီး ၎င်းတို့ကို တပ်မတော်(ရေ)ကင်းလှည့် ရေယာဉ်က ဖမ်းဆီး ရမိခြင်းဖြစ်ကြောင်း ပေါက်တောမြို့နယ်ရဲ တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

‘‘ဒုက္ခသည်စခန်းက ထွက် ပြေးလာတာ။ အခု သူတို့ကို မြေပုံ ကို ပြန်ပို့လိုက်ပါပြီ’’ဟု အထက် ပါတာဝန် ရှိသူက ဆိုသည်။

ဒေသခံအချို့ကမူ ၎င်းတို့ သည် ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေဖြင့် စိစစ်ခြင်းကို လက်မခံလို၍ ထွက်ပြေး လာခြင်းဖြစ်နိုင်ကြောင်း သုံးသပ်ပြောဆိုသည်။

မြေပုံမြို့နယ်အတွင်းရှိ ဘင်္ဂါ လီလူမျိုးများအား ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေဖြင့် နိုင်ငံသား စိစစ်ခြင်း လုပ်ငန်းများကို ပြီး ခဲ့သည့် ဇွန်လအတွင်း စတင် ပြုလုပ်ခဲ့သည်။

7Day DAILY

No comments:

Post a Comment