မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Wednesday, May 21, 2014
ထိုင်းတပ်မတော်နဲ့ မြန်မာတပ်မတော် သိပ်မကွာပါဘူး။
ထိုင်းတပ်မတော်က ထိုင်းပြည်သူတွေအပေါ် မေတ္တာထားတဲ့ ထိုင်းဘုရင်ကို သစ္စာခံတယ်။ မြန်မာတပ်မတော်ကပြည်သူတွေကို ဒုက္ခပေးတဲ့ သန်းရွှေကြီးနဲ့ လူတစ်စုကို သစ္စာခံတယ်။ အဲတာလေးပဲ ကွာတာပါ။
ထိုင်းမှာ စစ်တပ်က အကြိမ် (၂၀) နီးပါးအာဏာသိမ်းခဲ့ပေမဲ့ခုချိန်မှာ ထိုင်းနိုင်ငံရဲ့ GDP က (၂၀၁၃ IMF စာရင်းအရ) ကမ္ဘာ့အဆင့် (၂၉) မှာ ရှိတယ်။ လူနေမှု အဆင့်အတန်း (HDI) အရ အာဆီယံမှာ စင်္ကာပူပြီးရင် ဒုတိယနေရာမှာ ရှိတယ်။
စစ်တပ်က သုံးကြိမ်ပဲ အာဏာသိမ်းဖူးတဲ့ မြန်မာပြည်ရဲ့ GDP ကတော့ အဆင့် (၇၄) မှာရှိတယ်။ ဗိုလ်ချုပ်တွေနဲ့ အပေါင်းအပါတစ်စုပဲ ကျိကျိတက်ချမ်းသာသွားပြီး ပြည်သူတွေကတော့ မြောင်းထဲရောက်သွားတယ်။
မိုးဇေညိမ်း
No comments:
Post a Comment