ပြည်သူ့နေ့စဉ်သတင်း “ ကျော်ဆန်း ( သို့မဟုတ်) လူယုတ်မာကာဠု ” ========================= ကာဠု ဘာလဲ ဘယ်လဲ ? ဖော်ကောင်တွေ့ပြီ သူ့ Page မှာ ၀တ်ကျေတန်းကျေ တာဝန်အရ ပို့စ်ကို like & share လုပ်နေရတဲ့ လခစားတွေအများကြီးတဲ့ ။ တစ်ချို့ပို့စ်တွေဆို အကောင့် ရာဂဏန်း အားပေးထားတာ အများကြီးတွေ့ဖူးတယ် .. အမှန်တကယ်မှာတော့ ဒီ အားပေးသူတွေသာ အစစ်အမှန်ဆိုရင် Aye Chan Mon ထက်တောင် သာနေရတော့မှာ ... ဟိဟိ .. ခုမှ ဖော်ကောင်ရှိလို့ သိလိုက်ရတော့တယ် သူ့ဟာကြီးက ပြန်ဆက်ဝန်ကြီးဟောင်း ဦးကျော်ဆန်းရဲ့ လူထုမှိုင်းတိုက် အင်Page ကြီးဖြစ်နေတာကိုး ။ -------------------------- “ ကျော်ဆန်း ( သို့မဟုတ်) လူယုတ်မာကာဠု ” ========================= အမည်မဖော်လိုတဲ့ ထောက်လှမ်းရေး တပ်မှူးတစ်ယောက်ရဲ့ ဖွင့်ပြောချက်အရ.. facebook တွင် လူထုမောင်ကာဠု အမည်ရှိ အကောင့်ကိုသုံးစွဲနေသူမှာ ယခင်ပြန်ကြားရေးဝန်ကြီးဟောင်း (ယခုသမ၀ါယမပြည်ထောင်စုဝန်ကြီး) ဦးကျော်ဆန်း ကိုယ်တိုင်လည်းသုံးစွဲပြီး၊ သူ၏တပည့်လက်သား အခိုင်းအစေများကိုလည်း အကောင့်အတွင်းဝင်ရောက်စေကာ Like လုပ်ခိုင်းခြင်း၊ Comment ပေးခိုင်းခြင်း၊ Share ခိုင်းခြင်းများ ပြုလုပ်၍ တစ်ခြားသူများမှ ၄င်းတို့ Page နှင့် တင်ပြသော ပို့စ်များကို စိတ်ဝင်စားအာရုံစိုက်မှု ရှိလာစေရန် အမိန့်ပေးထားကြောင်း သိရပါတယ်။ သူရဲ့Page ရည်ရွယ်ချက်ကတော့ လက်ရှိမြန်မာ့နိုင်ငံရေးတွင် လူထု၏ထောက်ခံမှုရနေသော နိုင်ငံရေးအင်အားစုများကို နည်းမျိုးစုံသုံး၍ ပုတ်ခတ်ထိုးနှက်ကာ၊ ၀ါဒဖြန့်ချီရေး စာမျက်နှာတစ်ခုအဖြစ် အသုံးပြုရန် ဖြစ်ပါတယ်။ ၄င်း၏ Page တွင် ဘာသာရေး၊ လူမျိုးရေး အကြောင်းချင်းရာများကို တင်ပြီး - ဒေါ်အောင် ဆန်းစုကြည်နှင့် NLD, 88 မျိုးဆက်ကျောင်းသားခေါင်းဆောင်များနှင့် ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများကို ထိုးနှက်တိုက်ခိုက်ရန် ရည်ရွယ်ထားတယ်လို့လည်း ပြောပါတယ်။ “ မြန်မာလူမျိုးတို့ရဲ့ စိတ်သဘောထား အခံအရ၊ ဘာသာ၊ လူမျိုးဆိုရင် ဆတ်ဆတ်ထိမခံသည့်စိတ်ကို လူထုအား ဆွပေး၊ နှိုးဆော်ပေးပြီး ထိုးနှက်တိုက်ခိုက်လျှင် ပိုမိုထိရောက်ကြောင်း စိတ်ဓာတ်စစ်ဆင်ရေး အရာရှိများ၏ အကြံပြုချက်အတိုင်း ပြုလုပ်ထားခြင်းဖြစ်တယ်လို့လည်း သိရပါတယ်။ ထို့အပြင် ၄င်း၏ တပည့်လက်သားများကို ပေ့(Page)များ အသီးသီးဖွင့်စေကာ သတင်းများ ထွေရာလေးပါးတင်စေပြီး လူအများ အာရုံစိုက်လာစေကာ၊ အထက်ပါအဖွဲ့အစည်းများအား လူထုထောက်ခံမှု ကျဆင်းစေရန် ၀ါဒဖြန့်ချီရေးပို့စ်များ ကြားညှပ်၍ ဖော်ပြခြင်းများလည်း ပြုလုပ်ခိုင်းတယ်။ Like လုပ်၊ Comment ပေးခိုင်းသူများ Share ကြားသူများမှာ - အသုံးပြုသူတစ်ယောက်တည်းမှ အကောင့် ၅ခု ၊ ၁၀ ခုထိ ဖွင့်ကာ သုံးစွဲနေကြောင်းလည်း သိရပါတယ်။ ထို့ကြောင့် လူအများအနေဖြင့် - ၀ါဒမှိုင်းတိုက်၊ ရန်မီးတောက်များမွှေးပေးနေသော အဆိုပါပေ့များ၊ Like လုပ်၊ Comment ပေးသူများအနေဖြင့် သတိထားရှောင်ကြည် နိုင်စေရန် အသိပေးလိုက်ပါသည်။ - စိုးငြိမ်း ( စရဖ-ငြိမ်း) from-ပုံပျက်ခင်စိန်
မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
No comments:
Post a Comment