မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Friday, April 11, 2014
သခင်မြင်လှည့် ကြင်လှည့်ပါ
-----------------------------------
အမျိုးကိုသုဉ်း အရိုးဖုံးလို့
ဆွဲလို့သူကာ ခြုံစောင်ပမာ
မွန်းနစ်ကျဉ်းကြပ် သတ်ထွက်ခက်လည်း
တွယ်တာရိုကျိုး ထိုစောင်မျိုးကို
ကျွန်စိတ်ဖြစ်သာ ခြုံကြလေတယ်
အမျိုးမမြတ်တဲ့ ကိုဘေးထွက်များရယ်
မြင်လှည့် ကြင်လှည့်
သိလှည့်ပါလို့ သခင်စိတ်များ
ကွယ်ပျောက်ထားကာ
သူဖြစ်သူခံ ငါမဆိုင်ဟု
တစ်ဘို့တွေးတော ကျွန်သွေးနှော်မည်လော....
ဆက်၍ကြွင်းကျန် သင့်သွေးမှန်လည်း
တက်သစ်ခေတ်လွန် ငရဲနွံကို
သိလျက် တွေ့လျက်
မြင်လျက် ကြားလျက်
ကျိုးနွံမသိ ဆက်ကာပြုလျင်
အမှန်သင်စိတ် သင့်သွေးညစ်ကို
မနှေးအမြန် ဖောက်ထုတ်စင်ပြီး
မျိုးနွယ်ရေးတွက် သွေးဆေးပါဟု
တိုက်တွန်းပြောကြား စာစကားကြောင့်
သခင်မြင်၍ ကြင်တတ်ပါစေ...........
( ၀ံသာနုရက္ခိတစနေလူငယ်များအသင်း )
ဗိုလ်အောင်ဒင် သခင်မျိုး
No comments:
Post a Comment