မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Sunday, April 20, 2014
သတင်းတွေ လျှောက်ဖတ်တာမှာ ... ဒို့ အစိုးရကြီးကို အာရှသားအချင်းချင်း သရော်စော်ကားတဲ့ သတင်း နှစ်ခု တွေ့ရတယ်။
ပထမ သတင်းက ..... တောင်ကိုရီယားမှာ သင်္ဘောမှောက်တော့ ခရီးစဉ်ကို ဦးဆောင်ခဲ့တဲ့သူက ကလေးတွေ အသက်သေရတာ မိမိတာဝန်ဖြစ်တာကြောင့် တာဝန်ခံပြီး ကိုယ့်ကိုကိုယ် သက်သေသွားခဲ့တယ်တဲ့။
ဒီလိုတွေ ဖြစ်တိုင်း ဒို့အစိုးရကြီးက တာဝန်သာ ယူရမယ် ဆိုရင် .... အသက်တွေ ဆယ်သက်လောက် အပိုဆောင်ထားတာတောင် မလောက်နိုင်လို့ ... ခပ်တည်တည်ပဲ ... ပေါ့။
ဒုတိယ သတင်းက .... ဗီယက်နမ်။ နိုင်ငံအတွက် ဂုဏ်ယူစရာ အားကစားပွဲကို မလုပ်ဘဲ ကုန်မယ့် ပိုက်ဆံတွေကို တိုင်းပြည်အတွက် အခြား လိုအပ်တဲ့ နေရာမှာ သုံးမယ်တဲ့။
ဒါ ဒို့အစိုးရကြီးရဲ့ မရှိမယ့် ရှိမယ့် .... ကြံဖန်ယူနေတဲ့ ဆီးဂိမ်းအားကစားပွဲကြီးအတွက် ဂုဏ်သိက္ခာတွေကို မြောင်းထဲ ရောက်အောင် လုပ်ကြတာ။
အာရှသားချင်း မညှာမတာ .... နဂိုကတည်းက မရှိတဲ့ သိက္ခာ အခုတော့ ဒင်းတို့ကြောင့် ခေါင်းတောင် ပြူရဲစရာ မရှိတော့ဘူး။
ဒါပေမယ့်လည်း ဒို့အဘ တွေပဲ။ အရှက်နဲ့ လူလုပ်နေတာမဟုတ်တာကြောင့် .... အေးဆေးပါပဲ။ မဟုတ်ဘူးလားဗျာ။
(ကိုထိုက်)
No comments:
Post a Comment