မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Friday, March 28, 2014
စစ်တပ်သာ အရေးကြီးတဲ့ အဖွဲ့အစည်းဖြစ်ကြောင်း ဦးသန်းရွှေတပည့် ဦးသိန်းစိန်ထုတ်ဖော်ပြောကြား......................................မြန်မာနိုင်ငံ ဒီမိုကရေစီ ဖော်ဆောင်ရေးမှာ စစ်တပ်ရဲ့ အခန်းကဏ္ဍက အရေးကြီးကြောင်း သမ္မတ ဦးသိန်းစိန်က ပြောပါတယ်။
အစိုးရ သက်တမ်း ၃ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ပြည်ထောင်စု လွှတ်တော်မှာ ဒီကနေ့ ပြောခဲ့တဲ့ မိန့်ခွန်းမှာ ထည့်သွင်း ပြောသွားတာပါ။
နိုင်ငံတော် လုံခြုံရေးနဲ့ ကာကွယ်ရေးအတွက် တပ်မတော် အင်အား တောင့်တင်းဖို့ လိုအပ်ပြီး နိုင်ငံရေး ပြဿနာတွေကို ဖြေရှင်းတဲ့ နေရာမှာ တပ်မတော်ရဲ့ အခန်းကဏ္ဍ ဆက်ရှိနေဖို့ လိုအပ်တယ်လို့လည်း သူက ပြောပါတယ်။
ဒါ့အပြင် သူ တာဝန်ထမ်းဆောင်ခဲ့တဲ့ အစိုးရ သက်တမ်း ၃ နှစ်အတွင်း စိန်ခေါ်မှုတွေ အများကြီး ရှိခဲ့ပေမယ့် အတိုင်းအတာ တစ်ခုအထိ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနဲ့ ဖွံ့ဖြိုး တိုးတက်ရေးတို့ကို လုပ်ဆောင်နိုင်ခဲ့ကြောင်း သမ္မတက ပြောခဲ့ပါတယ်။
No comments:
Post a Comment