မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Thursday, March 13, 2014
"""မေးကို မေးရပါလိမ့်မယ်"""
မြန်မာနိုင်ငံမှာ အစိုးရ က ဘာမှ မလုပ်ပေးတဲ့အပြင် နေရာတိုင်းမှာ အစိုးရဌာနတိုင်းမှာ ဘာလုပ်လုပ် ပိုက်ဆံပေးရတယ်။ ပြည်သူလူထုဟာ ဘာတခုမှ အလကားမရခဲ့ဖူးဘူး။
ဒီနိုင်ငံ(အမေရိကန်)မှာ အစိုးရဌာနတွေသွားရင် ပိုက်ဆံတပြားမှ မပေးဘဲ ပြီးစီးလို့၊ ဒါပဲ လား လို့မေးမေးမိရတယ်။ ဒါပဲတဲ့။
ကွာသလား မမေးနဲ့၊ ပြက္ခဒိန်လည်း မ၀ယ်ရ၊ ဘာစာရွက်စာတမ်းဖိုးမှ မပေးရနဲ့။ ဖေါင်ဖိုး ဆိုတာမျိုးကအစ မပေးရတော့ အံ့သြတကြီးတောင် ဖြစ်ခဲ့ရတယ်။ နောက်စဉ်းစားမှ ဒီ့အတွက် ငါတို့ အခွန်ဆောင်တာပဲလို့မြင်တယ်။
မြန်မာအစိုးရရုံးဘယ်ရုံးမဆို ဘာကိစ္စမဆို ပြည်သူက ကိုယ့်ပိုက်ဆံနဲ့ကိုယ် လုပ်ရတာချည်းပဲ။
မြန်မာပြည်သူတွေ နေရာတိုင်း ကိုယ့်ပိုက်ဆံနဲ့ကိုယ်နေနေတာ။
အစိုးရကို ဘာအတွက် အခွန် ထပ်ပေးရဦးမလဲ မေးကို မေးရလိမ့်မယ်။
ချိုတူးဇော်
No comments:
Post a Comment