မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Friday, March 21, 2014
ကျွန်တော်နဲ့ သိတဲ့ စစ်သား တစ်ယောက်။ မြို့ပေါ်က တပ်ပေါ့။ လွန်ခဲ့တဲ့ ၁၅ နှစ်ကျော်လောက်ကပါ။။
သူ့တပ်ထဲက တစ်ယောက်က တပ်က ထွက်ချင်တော့ ... တပ်ပိုင် ပစ္စည်း တစ်ခုခုကို လူမိအောင် ခိုးလိုက်တယ်။ ဒီတော့ အကျင့်ပျက်တာကြောင့် တပ်က ထုတ်လိုက်တယ်ပေါ့ဗျာ။ မဟုတ်ရင် သာမန်တပ်သားဆိုတော့ ခိုင်းဖတ် ဖြစ်နေလို့ ... မပျော်လို့ပေါ့။
အဲဒါ သူ့တပ်ထဲက နောက် နှစ်ယောက်လောက်ကလိုက်လုပ်တော့ ... တပ်ကလည်း လည်သွားပြီ။ ခိုးမှုနဲ့ တပ်က မထုတ်ဘဲ ... ဒဏ်ပေးခံရပြီး တပ်ထဲ ပြန်ရောက်နေလို့ဒုက္ခဖြစ်နေလေရဲ့... တဲ့။ သူလည်း အခု ထွက်ချင်လို့ နည်းလမ်း ရှာနေတယ်လို့ ဆိုတယ်။
မှတ်မှတ်ရရ ရယ်ပါ။ လူမိအောင် ခိုးရတယ် ဆိုတဲ့ ဖြစ်ရပ်။
အခုတော့ နောက် တဆင့် တက်သွားပြီ .... တရားဝင် ခိုးလို့ ရပြီ။
(ကိုထိုက်)
No comments:
Post a Comment