မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Wednesday, March 26, 2014
်
ဒီနေ့ မနက်စောစော အိပ်ရာထတော့ လုပ်နေကြ တီဗွီလှမ်းဖွင့်ပြီး၊ မနက်လင်းသတင်းတွေဝေဝေဖြာဖြာ ဆွေးနွေးနေတာ ကိုကြည့် လိုက် မိပြီးတော်တော် စိတ်ကုန်သွားတယ်။
ဖြစ်ပုံက မနက်စောစော ရှပ်နီတွေ များတဲ့နေရာကို ဘုန်းကြီးက ဆွမ်းခံကြွသတဲ့။
ကြွရင်းနဲ့ လက်ရှိအစိုးရ(ရှပ်နီထောက်ခံတဲ့) လုပ်ရပ်တွေကို ဘုန်းကြီးက မြည်တွန်တောက်တီးဝေဖန်လိုက်တာကနေစလို့ ရှပ်နီတွေဝိုင်းဆော်ကြတာမြင်မကောင်းဘူးဗျာ။
ဘုရားသားတော်တွေ အနေနဲ့ ဒီလူမှု့ ရှုတ်ရှုတ်ထွေးထွေးတွေထဲ ကနေ ကင်းနိုင်သမျှကင်းအောင်နေကြတာဖြင့် နှစ်ဖက်စလုံး အကျိုးရှိကြမယ် ထင်တယ်။ ခုတော့ ကြည့်စမ်း ဖြစ်ပျက်နေတာ။
(ထိုင်းနိုင်ငံမှာမနေ့ ကဖြစ်တဲ့ပြဿနာ.. မြင်၊ ကြားလို့ မှကောင်းသေးရဲ့လား။)
ဧရာဝတီခိုင်
========================================================
ကျနော် မကြာခဏ ရေးခဲ့ဖူးတယ်။
သံဃာ ဆိုတာ သူငယ်ချင်းလိုလဲ ပေါင်းသင်းစရာ မဟုတ်၊
ဆွေးနွေးတိုင်ပင် အတူတကွ လုပ်ဆောင်စရာ ရဲဘော်ရဲဘက်လိုလဲ ဆက်ဆံစရာ မဟုတ်၊
သံဃာ ဆိုတာ တွေ့ရာနေရာမှာ ပုဆစ်တုပ်၊ ထိခြင်းငါးပါးနဲ့ ကန်တော့ပူဇော်ရာ၊
ကိုးကွယ်ဆည်းကပ်ရာ၊ ဘုရားနဲ့ တဂိုဏ်းထဲ ထားရာ။
အဲဒီ သံဃာတွေက မှ ကြည်ညိုစရာ မကောင်းရင်. . .
ခုပုံဟာ ဘယ်ဘာသာခြား က မှ တိုက်ခိုက်နေတာ မဟုတ်ဘူး လို့
မြင်ရင်၊
ဆင်ခြင်စရာတွေ အများကြီး ရ လာ လိမ့်မယ်။
သံဃာ ကို နိုင်ငံရေး လက်နက် လို အသုံးချနေတဲ့ သူတွေ
နှလုံးသွင်းဖို့ကလဲ
ငါတို့ သာသနာ ကို ဖျက်နေပါလား၊
အင်မတန်မှ အ၀ီစိကျစရာ မဟာအကုသိုလ်ကြီး ကို ကျူးလွန်နေပါလား ဆိုတာပါပဲ။
ချိုတူးဇော်
No comments:
Post a Comment