မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Wednesday, March 26, 2014
** ဒါကြိုဆိုရမယ့် ကိစ္စပါ၊ အမနာပပြောပြီး ဝေဖန်ရမယ့် ကိစ္စမျိုး မဟုတ်ပါဘူး ** ( ရဲထွဋ် )
ကျွှန်တော်တို့ ပြောနေတာက ကျင့်ဝတ်အလို့ဌာ လိုက်နာဖို့ဖြစ်တယ်၊ ဒါလုပ်လိုက်တာသည် အစိုးရအနေနဲ့ ဥပဒေအကြောင်းအရတင်မဟုတ်ပဲ ကျင့်ဝတ်ပိုင်းဆိုင်ရာအရပါ မူဝါဒချမှတ်တဲ့ သူတွေအနေနဲ့ လိုက်နာသင့်တယ် ဆိုတာ ပြတဲ့အတွက် ပိုပြီးတော့ သန့်ရှင်းတဲ့ အစိုးရဖြစ်ရေး ၊ ကောင်းမွန်သော အုပ်ချုပ်မှုစနစ် ပေါ်ထွန်းရေးမှာ အထောက်အကူ ဖြစ်မယ်လို့ ယုံကြည်ပါတယ်၊
ဒါကြိုဆိုရမယ့် ကိစ္စပါ၊ အမနာပပြောပြီး ဝေဖန်ရမယ့် ကိစ္စမျိုး မဟုတ်ပါဘူး ။
( တရားဝင် ကျပ်သုံးသိန်း ကန်တော့ခွင့်နဲ့ ပတ်သတ်ပြီးဦးရဲထွဋ်နှင့် The Voice ဂျာနယ် အင်တာဗျူးမှ ကောက်နုတ်ချက် )—
========================================================
ကျနော်တစ်ခါမှ ရိုင်းရိုင်းစိုင်းစိုင်း မပြောခဲ့ဖူးဘူး ဆိုတာ ကျနော့်
face book မိတ်ဆွေတွေအားလုံးသိကြပါတယ်။
့ ရိုင်းရိုင်းပြောမှရတော့မယ်ထင်လို့
ဒီတစ်ခါတော့ပြောခွင့်ပြုပါခင်ဗျား
========================
ကျနော့်မှာ သားသမီးရှိတယ်။ဒီသား သမီးတွေရလာဘို့ အိမ်ထောင်သည်တွေဘယ်လိုနေ
ထိုင်ကြတယ် ဆိုတာ မပြောဘဲ အားလုံးသိတယ်။အိမ်ထောင်သက် အနှစ် (30)ကျော်ပြီ။တရားဝင်
လက်ထပ်ယူထားတာ။ အဲဒီ အကြောင်းပြချက်နဲ့ဘဲ ကျနော်ကကျနော့်ဇနီးနဲ့ လူမြင်ကွင်းမှာ တော်သလင်းဇာတ် ခင်းချင်လို့တော့ မရဘူးဗျ။
ကိုယ် တရားဝင် ယူထားတဲ့ ဇနီးနဲ့
ကိုယ်နေတာ ဆိုပေမဲ့ လူမြင်ကွင်းမှာနေခွင့်တော့မရှိဘူး။
ခင်ဗျားတို့ လာဘ်စားတာ သိတယ်။ဂါရဝ လို့ ဆင်ခြေပေးတာလည်း နားလည်တယ်။
်။တရားဝင်အောင်တော့ မလုပ်ကြနဲ့။ အမှန်တရား ဆိုပေမဲ့ ကာလlဒေသlပယောဂ နဲ့ ညီညွတ်သင့်တယ်ဆိုတာလောက်ကိုတော့ နားလည်သင့်တယ် ဆိုတာကို အမုန်း ခံပြီးပြောပြနေတာ။ ရှင်းလား။
ဦးဝင်းချို
No comments:
Post a Comment