မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Tuesday, March 11, 2014
"ကျနော့်အမျိုး တွေကို ပြောပါရစေ"
လက်ရှိ ရခိုင်လူမျိုးတွေ အသည်းခိုက်ခိုက်နာ နေတဲ့ ခိုးဝင်ဘင်္ဂလီပြဿနာဟာ
ဘယ်သူတွေကြောင့် ဖြစ်တာလဲ ဆိုတဲ့ ဇစ်မြစ်ကို မြင်အောင် ကြည့်စေချင်တယ်။
ဘယ်ရခိုင်မှ ပိုက်ဆံယူပြီး ခိုးဝင်ဘင်္ဂလီ ကို လက်မခံခဲ့ဘူးမဟုတ်လား။
ဒီလို ဘင်္ဂလီတွေ ခိုးဝင်တာကို ဘယ်သူတွေက လက်ခံခဲ့သလဲ၊
ဘယ်သူတွေက ခိုးသွင်းခဲ့သလဲ မြင်အောင်ကြည့်၊
ဘယ်အစိုးရကြောင့်၊ ဘယ်စနစ်ကြောင့် ခုလို ရခိုင်ပြည်ရေတိမ်နစ်နေရသလဲ ကိုမှ
မြင်အောင်မကြည့်နိုင်ရင်၊ ဘယ်တော့မှ အဖတ်ဆည်နိုင်မှာ မဟုတ်တော့ဘူး။
ရခိုင်ပြည်ကို ရခိုင်တွေ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရင်
ဒီနေ့ရင်ဆိုင်နေရတဲ့ အဖြစ်အပျက်တွေမျိုး ဖြစ်နိုင်မလား စဉ်းစား။
ဒီ ပြဿနာအ၀၀ ကို ဖန်တီးပေးနေ၊ တဘက်လှည့်နဲ့တိုက်ပေးနေသမျှ လိုက်ပါလာရင်
ကမ္ဘာပေါ်မှာ ရခိုင်ထက်ညံ့တဲ့ လူမျိုး ရခိုင်ဘဲ ဖြစ်သွားလိမ့်မယ်။
ရခိုင်အပါအ၀င် တိုင်းရင်းသားအားလုံး လိုတာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အပြည့်အ၀ ရတဲ့
ဖက်ဒရယ်ပြည်ထောင်စု စနစ်။
ဒီစစ်မှန်တဲ့ ဖက်ဒရယ်အုပ်ချုပ်ခွင့်ကို အမျိုးမျိုး ဆင်ခြေဆင်လက်တွေနဲ့ မပေးဘဲ၊
ဒေသထဲက သယံဇာတ သားငါးတွေကို ထုတ်လုပ်ပြီး ဒေသခံတိုင်းရင်းသားတွေဆင်းရဲနိမ့်ပါးအောင် နှစ်ပေါင်း ၆၀ ကျော် ထားခဲ့တဲ့ စစ်အုပ်စု ကို ဆက်ထောက်ခံမလား။
မျိုးစောင့်ဥပဒေ ဆိုတဲ့ အရေမရ၊ အဖတ်မရ မလိုအပ်ဘဲ အပေါ်ယံကလေး လုပ်ပေးတာ
ကို သဘောကျ ထောက်ခံမနေနဲ့။ အဲဒီမျိုးစောင့်ဥပဒေ ရခိုင်တွေ အတွက် လိုသလား၊ မလိုဘူးလား စဉ်းစားပါဦး။
ရခိုင်တွေ တကယ်လိုတာ မျိုးစောင့်ဥပဒေ မဟုတ်ဘူး။
ဖက်ဒရယ်ပြည်ထောင်စု။
သူများတွေ စု နေပြီ။
ခင်ဗျားတို့ မကျန်ခဲ့ပါစေနဲ့။
ဦးသိန်းစိန်အစိုးရ ကို ထောက်ခံလို့ကတော့ ခင်ဗျားတို့ကို အဲဒီအရေမရ၊ အဖတ်မရ
မျိုးစောင့်ဥပဒေပဲ ချပေးလိမ့်မယ်။
ဖက်ဒရယ်ပြည်ထောင်စု တသက်လုံး ရမှာ မဟုတ်ဘူး။
ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ဖို့ ချမှတ်ပြီး၊ တိုင်းရင်းသားပေါင်းစုံအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်နေတဲ့ ဒီမိုကရေစီအင်အားစုထဲ ကို ပါဝင်မလား စဉ်းစားပါ။
အဲဒီ အင်အားစု ကို NLD က ဦးဆောင်တာမဟုတ်ဘူး။ ပါဝင်တာပါ။
ခင်ဗျားတို့လည်း ပါဝင်သင့်၊ မသင့် စဉ်းစားပါ။
ချိုတူးဇော်
No comments:
Post a Comment