နေပြည်တော်ဥပါသန္တိစေတီတော်ကြီးတွင်
ပြုလုပ်သည့်မျိုးစောင့်ဥပဒေထောက်ခံပွဲသို့
အစိုးရဌာနဆိုင်ရာရုံးတစ်ရုံးလျှင်အယောက် ၃၀ ထက်မနည်း
မဖြစ်မနေတက်ရောက်ရမည် ဟုနှုတ်မိန့်ဖြင့်
အထက်ကညွှန်ကြားခဲ့သည့်အတွက်သာ
တက်ရောက်ခဲ့ရခြင်းဖြစ်ကြောင်း
တနင်္ဂနွေကဲ့သို့ရုံးပိတ်ရက်မျိုးတွင်
အေးအေးလူလူနားနေချင်သော်လည်း
အထက်အမိန့်ကိုမလွန်ဆန်နိုင်သောကြောင့်
ယခုကဲ့သို့နေပူကျဲတဲကြီးထဲတွင်မတက်ရောက်နားမထောင်ချင်ဘဲနှင့်
တက်ရောက်ခဲ့ရခြင်းဖြစ်ကြောင်း
ကိုယ်တိုင်တက်ရောက်ခဲ့ရသူ
နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ
ဌာနခွဲမှူး(အမည်မဖော်လိုသူ)တစ်ဦးမှ
msg box မှတစ်ဆင့်သတင်းပေးပို့လာပါသဖြင့်
လူအများသိရှိနိုင်စေရန်ပြန်လည်ဖော်ပြလိုက်ပါသည်။
်
No comments:
Post a Comment