မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Sunday, February 16, 2014
အဓိကရုဏ်းလောင်စာ
အမှန်မတော့ စစ်အုပ်ချုပ်ရေးဟာ မီးစာကုန်နေတဲ့ ဆီးမီးခွက်တစ်ခုပါ။ မီးငြိမ်းတော့မဲ့အချိန်မှာ မဆင်မခြင်တဲ့ သံဃာတော်အချို့က လောင်စာ ထည့်ပေးလိုက်လို့ ခြေဥပြင်ဖို့တောင် စစ်တပ်က စိတ်မဝင်စားတော့ပါ။
ခြေဥမပြင်လည်း ဗြိတိန်၊ အမေရိကန်တို့က အလေးထားဆက်ဆံနေကြတာပဲ။ ဗြိတိန်ကသင်တန်းပေးလေ မုဒိမ်းကျင့်လို့ ကောင်းလေ။ အေလေ ... အခု ရေမြွေဟောက်စစ်လေ့ကျင့်ရေးမှာလည်း ပါနိုင်သေးတာပဲ။ ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းရေးတပ်မှာ ပါဖို့လည်း အဆင်သင့်ဖြစ်နေပါပြီ။
စစ်လော်ဘီတွေကတော့ သံဃာတော်အချို့ကို ကောင်းကောင်းအသုံးချပြီး "ဖွဲ့စည်းပုံ ပြင်ဖို့ လျှောက်မပြောနဲ့၊ စစ်တပ်က နောက်ပြန်မဆုတ်တာတောင် ကျေးဇူးတင်ရဦးမယ်"လို့တောင် ရေးကြပြောကြပြီ။ အရူးကို ထန်းလျက်ခဲ အရင်သွားကျွေးတော့ လက်မလွတ်တော့ဘူး။
စစ်တပ်အာဏာတည်မြဲအောင် လုပ်ပေးခဲ့ရင် စစ်တပ်ကျူးလွန်သမျှ မကောင်းမှုကံများကိုလည်း ထောက်ခံရာရောက်နိုင်ကြောင်း သတိထားကြပါလေ။
ဆရာတော် အရှင်ရာဝိက
No comments:
Post a Comment